Tuesday, July 1, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ မဟာစိနပဘာ ရွှေတိဂုံပုံတူစေတီတော် ထီးတော်တင်မင်္ဂလာ အခမ်းအနားတွင် စိန်ဖူးတော်အား လှည့်လည်အပူဇော်ခံ




နေပြည်တော်  ဇွန်   ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ တရားဝင် ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက ပေကျင်းမြို့မှ ဟေနန်ပြည်နယ် လော့ယန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ပြီး လော့ယန်လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅၅ မိနစ်တွင် ရောက်ရှိကြရာ ဟေနန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာကျန်းကွမ်းကျွေနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လော့ယန်မြို့ မြင်းဖြူဘုရားကျောင်းတော်သို့ ရောက်ရှိ လေ့လာကြပြီး မဟာစိနပဘာ ရွှေတိဂုံပုံစံတူစေတီတော် ထီးတော်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက် ကြည်ညို ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များအား ဟေနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ရှဲ့ဖုကျန်း (Mr.Xie Fuzhan) က လော့ယန်မြို့ တုန်းရှန်းဟိုတယ်၌  ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဟေနန်ပြည်နယ် လော့ ယန်မြို့မှ နေပြည်တော်သို့ အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ညပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
နိုင်ငံတော် သမ္မတအား ဒုတိယသမ္မတများဖြစ်ကြသော ဒေါက်တာစိုင်း မောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ကြိုဆိုနှုတ်ဆက် ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါသွားသည့် ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးလှထွန်း၊ ဦးကျော်ဆန်း၊ ဦးခင်မောင်စိုး၊ ဦးဇေယျာအောင်၊ ဒေါက်တာမြင့်အောင်၊ ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဒုတိယ ဝန်ကြီး ဦးရဲထွဋ်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ ဒေါ်စန္ဒာခင်နှင့် တာဝန်ရှိသူ များလည်း ပြန်လည် လိုက်ပါလာကြသည်။

No comments:

Post a Comment