Monday, June 30, 2014

စာအုပ်လှူဒါန်းပွဲကျင်းပ



ပုသိမ် ဇွန် ၃ဝ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကျေးလက်နေပြည်သူများ ဗဟုသုတများရရှိရေး၊ စာဖတ်သည့် အလေ့အထ များတိုးပွားပြီး ပြည်သူများအတွေ့အကြုံ၊ ဗဟုသုတများဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာစေရေး ကို ရည်ရွယ်၍ ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခရိုင်နှင့် မြို့နယ်များရှိ ကျေးရွာ စာကြည့်တိုက်များအတွက် စာအုပ်စာစောင် များ ပေးအပ်လှူဒါန်းပွဲကို (၃ဝ..၂ဝ၁၄) ရက်နေ့၊ နေ့လည်(၁၂းဝဝ) နာရီက ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး၊ ပုသိမ်ခရိုင်ဦးစီးအရာရှိနှင့် ခရိုင်အတွင်းရှိ

မြို့နယ်ဦးစီးမှူးများ၊ ပုသိမ်မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ပြန်/ဆက် ဦးစီးဌာနဝန်ထမ်း များ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးငွေထွန်းက ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့် အားလျော်စွာ အသိပညာ ဗဟုသုတရင့်ကျက်မှ နိုင်ငံအများနှင့် ရင်ဘောင်တန်း နိုင်မည်ဖြစ်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိဒေသမှ ကလေးငယ်များကို စာဖတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်လာရေး အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးငွေထွန်း၊ ခရိုင်ဦးစီးအရာရှိ ဒေါ်မာလာဝင်းနှင့် မြို့နယ်ဦးစီးမှူး ဒေါ်နုနုရီတို့က စာအုပ်များကို
အသီးသီး ပေးအပ်လှူဒါန်းခဲ့သည်။ ခရိုင်အတွင်းရှိ မြို့နယ်များနှင့် ပုသိမ်မြို့နယ် အတွင်းရှိ ရပ်/ကျေးစာ ကြည့်တိုက်များ အတွက် လှူဒါန်းခဲ့သည့် စာအုပ်စာစောင်အရေအတွက်မှာ (၆၃ဝ၄)အုပ်ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment