Saturday, June 28, 2014

မြစ်သားမြို့နယ်တွင် ဆင်ဆာမဲ့ တရားမဝင် နိုင်ငံခြားဇာတ်လမ်းခွေများ ဖမ်းဆီးရမိ

မြစ်သား၊ ဇွန် (၂၈)
မြစ်သားမြို့နယ် ရေဝန်းဈေးအတွင်းသို့ တရားမဝင် နိုင်ငံခြားမှ တင်သွင်းလာသော ဆင်ဆာမဲ့ အခွေများ ရောင်းချနေကြောင်း သိရှိရသောကြောင့် မြစ်သားမြို့နယ် ဗီဒီယိုအခြေခံအဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့သည် ဖမ်းဆီးထိန်းသိမ်းနိုင်ရေး ဇွန်လ (၂၇)ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် သွားရောက်ရှာဖွေရာ ဆင်ဆာမဲ့အခွေများ ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြစ်သားမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြစ်သားမြို့နယ် စခန်းမှူးတို့၏ ညွှန်ကြားချက်အရ မြစ်သား မြို့မရဲစခန်းမှ ခေတ္တနယ်ထိန်းခေါင်းဆောင် တပ်ကြပ်ကြီး ထိန်းလင်းနှင့် မြို့နယ်ဗီဒီယို အခြေခံအဖွဲ့ အတွင်းရေးမှူး ဦးစိန်မြင့်၊ အဖွဲ့ဝင် ဦးခင်မောင်သင်းတို့သည် ရေဝန်းဈေးအတွင်းသို့ သတင်းရရှိ ထားသည့်အတိုင်း သွားရောက် ဖမ်းဆီးရာ ကူမဲအင်းဗျားရပ်ရေ ကိုန်းသည် ဗီနိုင်းစအား လမ်းဘေးတွင်ခင်းပြီး တရားမဝင်နိုင်ငံခြား တင်သွင်းလာသော ဆင်ဆာမဲ့ ဇာတ်လမ်းအခွေများ ရောင်းချနေသည်ကို တွေ့ရှိရသဖြင့် ကိုနန်းထံမှ တရားမဝင် နိုင်ငံခြား ဆင်ဆာမဲ့ ဇာတ်လမ်းခွေ (၉၁)ခွေ၊ ပလပ်စတစ်ခြင်း(၆)လုံး၊ ရောင်းရငွေ (၂၀၀၀)ကျပ်နှင့် ဗီနိုင်စတို့ကို သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းစည်းရမိခဲ့သည်။
အဆိုပါ တရားမဝင်နိုင်ငံခြားဇာတ်လမ်းတွဲများ ရောင်းချသူ ကိုနန်းအား အရေးယူနိုင်ရေးအတွက် မြစ်သားမြို့နယ် ရဲစခန်း (ပ)၁၁၉/၂၀၁၄ ရုပ်မြင်သံကြားနှင့် ဗွီဒီယို ဥပဒေပုဒ်မ- ၃၂ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

No comments:

Post a Comment