Saturday, June 28, 2014

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းကြပ်မတ်

မြစ်သား၊ ဇွန် (၂၈)
မြစ်သားမြို့နယ်အတွင်း မော်တော်ယာဉ်များ၊ စည်းကမ်းမဲ့ မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမင မဖြစ်ပွားစေရေး အတွက် မြို့နယ်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်
ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပြည်သူလူထု ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဗိုလ်ချုပ်လမကြီး တွင် ဇွန်လ (၂၇)ရက် နေ့လည် (၂)နာရီမှ (၃း၃၀)နာရီအထိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးထိန်းသိမ်းဆောင် ရာတွင် ကျေးရွာများမှ (၇)ဦး၊ မြို့ပေါ်မှ (၁၀)ဦး စုစုပေါင်း (၁၇)ဦးတို့အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သော ကြောင့် အသိပညာပေးခြင်း၊ နောင်တွင် အလားတူ မဖြစ်ပွားစေရေး အတွက် ဒဏ်ငွေများ ပေးဆောင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment