Saturday, June 28, 2014

မြို့တော်ခန်းမဘေး ရေပုတ်မြောင်းမှ ကားလမ်းပေါ် ရေပုတ်များဖြတ်ကျော်စီးဆင်းနေမှုအား ပြုပြင်ရန် အများပြည်သူ မျှော်လင့်

ကျောက်ဆည်၊ ဇွန် (၂၇)
ကျောက်ဆည်မြို့၏ အဓိကနေရာဖြစ်သော မြို့တော်ခန်းမ၏ တောင်ဘက် နာရီစင်ထောင့်၊ ရန်ကုန်- မန္တလေး ကားလမ်းဘေး ရေပုတ်မြောင်းမှ ရေများ ကားလမ်းပေါ် ဖြတ်ကျော်ကာ
တဖက်ရေပုတ်မြောင်းအတွင်းသို့ စီးဆင်းနေမှုကြောင့် ချိုင့်များဖြစ်ပေါ်ကာ လမ်းအသုံးပြုသူများ သတိထားအသုံးပြုနေရခြင်းနှင့် အနီးပတ်ဝန်း ကျင်တွင် ရေပုတ်နံ့များ နံနေသောကြောင့် အမြန်ဆုံးပြုပြင်ရန် ပြည်သူများမှ မျှော်လင့်လျှက်ရှိကြောင်း သိရှိရသည်။
ရေဘုတ်မြောင်းအတွင်းသို့ အမှိုက်များနှင့် ပလပ်စတစ်အိမ်များ စွန့်ပစ်ခြင်းကြောင့် အဆိုပါနေရရာ လမ်းကူးတွင် ပိတ်ဆို့ကာ လမ်းပေါ်ရေပုတ်များ ဖြတ်ကျော်စီးဆင်းနေမှုကို “ ဒီနေရာ ရေပုတ်တွေ ဖြတ်စီးနေတာ (၁)လနီးပါးရှိပြီး၊ အဓိကနေရာကြီးမှာ မြို့တော်ခန်းမကြီးဘေးမှာ ကြည့်လို့ကိုမကောင်းဘူး၊ ဆိုင်ရှင်တွေကလည်း အမှိုက်တွေနဲ့ ပလပ်စတစ်အိပ်တွေကို ဒီမြောင်းထဲ စည်းကမ်းမဲ့ စွန့်ပစ်တော့ မြောင်းပိတ်ပြီး အခုလိုလျှံကုန်တာ၊ ဆိုင်ရှင်တွေက လည်း စည်းနဲ့ကမ်းနဲ့ အမှိုက်စွန့်၊ တာဝန်ရှိသူတွေလည်း ပြုပြင်ရင် အခုလိုရုပ်ပျက်ဆင်းပျက် မဖြစ်တော့ဘူး၊ အမြန်ဆုံးကို ပြုပြင်မှ ကောင်းမှာဟု ”မြို့ခံတစ်ဦး၏ ပြောကြားသည်။

အဆိုပါလမ်းပေါ်တွင် စက်ဘီး၊ ဆိုင်ကယ်၊ ကားများ အစီးရေမရေမတွက်နိုင်အောင် သွားလာလှုပ်ရှားနေသောကြောင့် ရေပုတ်များဖြတ်ကျော် စီးဆင်းမှုဖြင့် လမ်းပျက်စီးကာ ချိုင့်များဖြစ်ပေါ်နေပြီး လမ်းအသုံးပြုသူများအနေဖြင့် ယာဉ်အန္တရာယ်စိုးရိမ်ရမှုကို “ဒီနေရာက နဂိုကတည်းကမှ တိုက်မှုတွေ ခဏတိုင်းဖြစ်နေတာ၊ ဒီရေတွေကျော်နေတော့ စလစ်ဖြစ်ပြီး တစ်ယောက်တည်းလဲမှာ၊ မသိတဲ့သူက အရှိန်နဲ့စီးလိုက်ရင် ချိုင့်ထဲကျပြီးလဲမှာတို့ ယာဉ်အန္တရာယ် ပိုပြီးစိုးရိမ်ရတယ်၊ ပြီးတော့ ရေပုတ်နံ့ကလည်း နေ့ဆို မသိသာပေမဲ့ ညပိုင်းဆို နံလာတာ၊ အမြန်ဆုံးပြုပြင်စေချင်တယ် ”ဟု အနီးနားမှ ဆိုင်ရှင်တစ်ဦးက ပြောကြားချက်အရ သိရသည်။

No comments:

Post a Comment