Sunday, June 29, 2014

ကရသူရိမြို့နယ်ခွဲတွင် လိုင်စင်မဲ့ဆိုင်ကယ်များနှင့် လိုင်စင်သက်တမ်းကုန် ဆိုင်ကယ်များအား လိုင်စင် ဆောင်ရွက်ပေး



ကရသူရိမြို့နယ်ခွဲ၊ ဇွန် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့နယ်ခွဲတွင် လိုင်စင်မဲ့ဆိုင်ကယ်များနှင့် လိုင်စင် သက်တမ်းကုန် ဆိုင်ကယ် များအား လိုင်စင်ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို ဇွန် ၂၈ ရက် နံနက်ပိုင်းက အမှတ်(၂) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် တာဝန်ရှိအဖွဲ့အစည်းများ ကွင်းဆင်းဆောင်ရွက်သည်။


အဆိုပါလုပ်ငန်းအား မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ (ကညန)ဦးစီးဌာန၊ မြန်မာ့ အာမခံ လုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်၊ အကောက်အခွန်ဦးစီးဌာနမြို့နယ်ခွဲ ပြည်သူ့ရဲတပ်ဖွဲ စသည့်ဌာနများမှ တာဝန်ရှိ ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်ခွဲတွင် လိုင်စင်မဲ့ တော်ဆိုင်ကယ်များနှင့် လိုင်စင်သက်တမ်းကုန် ဆိုင်ကယ်များ အား လိုင်စင်ဆောင်ရွက်ပေးခြင်း လုပ်ငန်းကို နေ့ခြင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ထိုသို့ မြို့နယ်ခွဲတွင် လိုင်စင်မဲ့တော်ဆိုင်ကယ်များနှင့် လိုင်စင်သက်တမ်းကုန် ဆိုင်ကယ်များအား လိုင်စင် ဆောင်ရွက်ပေးမည့် သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ သတ်မှတ်ကာလကျော်လွန်၍ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် အသုံးပြုသူများအား စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment