Sunday, June 29, 2014

မြန်မာ-တရုတ် စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေး ဆွေးနွေး



ပေကျင်း ဇွန် ၂၈
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီခချန်းတို့သည် ယနေ့ညနေ ၄ နာရီ တွင် ပေကျင်းမြို့ရှိပြည်သူ့ ခန်းမဆောင်ကြီး၌ တွေ့ဆုံဆွေးနွေးကြသည်။


ထိုသို့ တွေ့ဆုံရာတွင် ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်စီးပွားရေးစင်္ကြံ တည်ထောင်နိုင်မည့် အလားအလားများ၊ စွမ်းအင် ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းဖွံ့ဖြိုး တိုးတက်အောင် ပူးပေါင်းဆောင်ရွက်နိုင် မည့် အလားအလာများ၊ မြန်မာ-တရုတ် စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးလှထွန်း၊ ဦးဇေယျာအောင်၊ ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ခဲ့ကြသည်။

No comments:

Post a Comment