Sunday, June 29, 2014

မိုးရာသီ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများဝိုင်းဝန်းဆောင်ရွက်



ဘုတ်ပြင်း ဇွန် ၂၉ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင်မိုးရာသီ ရေစီးရေလာကောင်းမွန်ရေး ဝိုင်းဝန်း ဆောင်ရွက်ခြင်း လုပ်ငန်းကို ဇွန်လ ၂၈ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း တာဝန်ရှိသူများ ဆောင်ရွက်သည်။

အဆိုပါအစီအစဉ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် ပြည်သူ့ဆေးရုံးဝင်း အတွင်း ရေနုတ်မြောင်းများ ပြန်လည်တူးဖေါ်ခြင်း၊ ခြင်မခိုအောင်းနိုင်ရေး ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ အား မြို့နယ်စည်ပင်သာယာရေးအထောက်အကူပြုကော်မတီအဖွဲ့ဝင်များ၊ NGO အဖွဲ့များ၊ ပြည်သူလူထုများ ဝိုင်းဝန်းကာ စက် ယန္တယားများ အသုံးပြု ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment