Saturday, June 28, 2014

မြန်မာ အမျိုးသမီးများနေ့အကြို ဂုဏ်ပြုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ လွိုင်ကော်မြို့၌ ပြုလုပ်




လွိုင်ကော် ဇွန် ၂၈

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၊ ရတနာဆောင်၌ ယနေ့နံနက် (၉)နာရီအချိန်က မြန်မာအမျိုးသမီးများနေ့အကြို ဂုဏ်ပြုအထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲကို ပြုလုပ်ရာ ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်မြင့်ရွှေနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေး ကြသည်။



အဆိုပါပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့်တွင် မောင်တစ်ထမ်းမယ်တစ်ရွက် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်း အဆင့်တွင် ယဉ်ကျေးလှပ မြန်မာအမျိုးသမီးများဘ၀ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များမှ ကျောင်းသူ (၁၃၄)ဦး လာရောက်ဖြေဆိုကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment