Saturday, June 28, 2014

ဂျီအီးစီး (ဝန်ထမ်းပေါင်းစုံ) ငွေစုငွေချေး သမဝါယမအသင်း လီမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ


ဒီးမော့ဆို            ဇွန်        ၂၇

ဂျီအီးစီး(ဝန်ထမ်းပေါင်းစုံ) ငွေစုငွေချေးသမဝါယမအသင်းတွင် အသင်းသား(၆၁)ဦးပြီး စုဆောင်း ငွေကျပ် (၃၀)သိန်းကျော်ဖြင့် လည်ပတ်လျက်ရှိကြောင်း သိရသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇွန် ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မြို့နယ် သမဝယမ ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဂျီအီးစီး(ဝန်ထမ်းပေါင်းစုံ) ငွေစုငွေချေး သမဝါယမအသင်းလီမိတက် သဘာပတိ ဦးစိုးအောင် က အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖီလိုမီနာနှင့် မြို့နယ်သမဝါယမ အသင်းစု ဥက္ကဌ ဦးအေးသောင်းတို့က မြို့နယ်အတွင်း သမဝါယမလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အစီရင်ခံစာနှင့် နှစ်ချုပ်အစီရင်ခံစာများကို တာဝန်ရှိသူများက ဖတ်ကြားခဲ့ကြောင်း သိရသည်။ ထို့နောက် သဘာပတိက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အစီရင်ခံစာကို သဘောတူညီမှုရှိမရှိ မေးမြန်ခြင်းနှင့် အတည်ပြုရယူခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာတစ်ရွာလျှင် သမဝါယမအသင်းတစ်သင်းဖွဲ့စည်းနိုင်ရန် ကျေးရွာပေါင်း (၁၆၃) ရွာရှိရာ ကျေးရွာ (၄၅) ရွာကို သမဝါယမအသင်းဖွဲ့စည်းနိုင်ခဲ့ပြီး ကျေးရွာ (၄၀)ကို အသင်းဝင်အဖြစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်သမဝါယမအသင်းစု ဥက္ကဌမှ သိရသည်။

No comments:

Post a Comment