Saturday, June 28, 2014

စွန့်လွှတ်မြေများ တောင်သူများထံပေးအပ်




]ဖရူဆို     ဇွန် ၂၇

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်း စွန့်လွှတ်မြေများ ပြန်လည်လွှဲပြောင်း ပေးအပ်သည့်အခမ်းအနားကို ဇွန်လ ၂၇ ရက်၊ နံနက်(၁၀:၃၀) နာရီအချိန်က ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။


ရှေးဦ:စွာ ကယားပြည်နယ်၊ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က အမှာစကားပြောကြားရာတွင် ပြန်လည်စွန့်လွှတ် ပေးသည့် မြေယာများကို လုပ်ကိုင်ခွင့်ရရှိသူများအနေဖြင့် ကယားပြည်နယ်၏ ကုန်ထုတ်စွမ်းအား တိုးတက်မြှင့်မားရေး၊ ဒေသခံတောင်သူများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျော့ချရေးတို့အတွက် မိမိလုပ်ကိုင်ခွင့်ရမြေများကို မြေလပ်မထားဘဲ အစွမ်းကုန်ကြိုးစား စိုက်ပျိုး လုပ်ကိုင်ကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်ပြီး လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေနှင့်ပတ်သက်၍ ပြည်နယ်မြေစာရင်းဦ:စီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ရှင်းလင်းတင်ပြသည်။

ဆက်လက်၍   ဖရူဆိုမြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦ:စိုင်းအေးက စွန့်လွှတ်မြေများ ပြန်လည် လွှဲပြောင်းပေးအပ်မှုနှင့် ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေအား ရှင်းလင်း တင်ပြသည်။

ထို့နောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်နှင့် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစောဟူးဟူးတို့က ယာယီလုပ်ကိုင်ခွင့် လက်မှတ်ပုံစံများအား တောင်သူများထံသို့ ပေးအပ်ကာ တောင်သူများ ကိုယ်စား တောင်သူတစ်ဦ:က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


ဖရူဆိုမြို့နယ်ရှိ စွန့်လွှတ်မြေ (၁၉၉.၈၆)ဧကကို မာခရော်ရှေ့ကျေးရွာအုပ်စု နှင့် မြို့မကျေးရွာအုပ်စုတို့မှ  တောင်သူ (၇၉)ဦးထံသို့ ယာယီလုပ်ကိုင်ခွင့် လက်မှတ် (ပုံစံ−၃)များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment