Monday, June 30, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပေကျင်းပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာ


ပေကျင်း ဇွန် ၂၉
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည်ယနေ့ မွန်းလွဲ ၂ နာရီတွင် ပေကျင်းမြို့ရှိ မြို့တော် ပြတိုက်သို့ သွားရောက်၍ တရုတ်နိုင်ငံ၏ ရှေးဟောင်းကြွေထည် လုပ်ငန်းသမိုင်းနှင့် ရှေးခေတ်ကြွေထည် အသုံးအဆောင် ပစ္စည်းများ၊ ရှေးခေတ်လူမှုဘ၀ပတ်ဝန်းကျင် သရုပ်ဖော်ပြကွက်များကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။


ညပိုင်းတွင် နိုင်ငံတော်သမ္မတသည် ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစု ဝင်များနှင့် မြန်မာပညာသင်များကို တွေ့ဆုံ အမှာစကားပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်း အုန်းနှင့် သံရုံးဝန်ထမ်း များနှင့် မိသားစုဝင်များ၊ ပညာတော်သင် ကျောင်းသားကျောင်းသူများ တက်ရောက် ခဲ့ကြသည်။

No comments:

Post a Comment