Monday, June 30, 2014

ပြည်ထောင်စုဝန်ကြီး ဦဇေယျာအောင် နှင့်အဖွဲ့ တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း သို့ သွားရောက် လေ့လာ


ပေကျင်း ဇွန် ၂၉
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါ လာကြသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်နှင့် အဖွဲ့သည် ဇွန် ၂၈ ရက်မွန်းလွဲ ၂ နာရီတွင် ပေကျင်းမြို့ရှိ တရုတ်အမျိုးသား ရေနံ ကော်ပိုရေးရှင်း (China National Petroleum Corporation -CNPC) ကို သွားရောက်လေ့ လာကြသည်။


ထိုသို့ သွားရောက်လေ့လာရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှုများကို ဆွေးနွေးခဲ့ကြပြီး ကုမ္ပဏီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းထိန်းချုပ်မှုစနစ်ကို လှည့်လည်လေ့လာ ခဲ့ကြသည်။ ထိုသို့ သွားရောက်ရာတွင်မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌနှင့် အတူ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး နှင့် ဒေါက်တာမြင့်အောင် တို့ လိုက်ပါခဲ့ကြသည်။

No comments:

Post a Comment