Monday, June 30, 2014

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် ဒေါက်တာကံဇော် ဟွာဝေးကုမ္ပဏီသို့ သွားရောက်လေ့လာ


ပေကျင်း ဇွန် ၂၉
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် အဖွဲ့ဝင် အဖြစ် လိုက်ပါ လာကြသည့် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် ဒေါက်တာကံဇော်တို့သည် ဇွန် ၂၈ ရက် နံနက်၁၁ နာရီက ပေကျင်းမြို့ရှိ ဟွာဝေးကုမ္ပဏီသို့သွားရောက်၍ ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် ဆိုင်ရာနည်းပညာများကို ကြည့်ရှုလေ့လာ ခဲ့ကြသည်။


ပြည်ထောင်စုဝန်ကြီးများအား ဟွာဝေးကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ Mr. Zhang Chun Xiang နှင့်အဖွဲ့က ဟွာဝေး ကုမ္ပဏီ၏ ဆက်သွယ်ရေး ဆိုင်ရာမျိုးဆက်သစ် စမတ်ဖုန်းများ ထုတ်လုပ်နေမှု၊ မြန်မာနိုင်ငံ၏ e- Government လုပ်ငန်း စဉ်များတွင် အဆင့်မြင့် သတင်းအချက်အလက် ဆိုင်ရာ နည်းပညာများဖြင့် ကူညီပေး သွားမည့် အစီအစဉ်များနှင့် ဟွာဝေးမှ မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်များ၌ စမတ်ဖုန်း နည်းပညာများ ဖြန့် ဖြူးပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းပြသ ခဲ့ကြသည်။

No comments:

Post a Comment