Monday, June 30, 2014

ယင်းမာပင်​၌ ၂၀၁၄-၂၀၁၅ ပညာသင်​နှစ်​ ​ထောက်​ပံ့​ငွေ​ပေးအပ်




ယင်းမာပင်   ဇွန်  ၂၉
စစ်ကိုင်းတိုင်ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းရှိ မြရိပ်ရေကြည်ပင်၊မြစိမ်း၊သဲတောကြီး၊တယ်ပင်ကန်ရွှေပန်းခိုင်စသည့်ကျေးရွာ(၆)ရွာမှ၂၀၁၄-၂၀၁၅ပညာသင်နှစ်သက်ဆိုင်ရာကျောင်းများတွင်တက်​​ရောက်သင်ကြားနေသောဒသမတန်ကျောင်းသား/သူများအတွက်မြန်မာယန်စီကော့ပါးလီမိတက်စီမံကိန်း၏ ကူညီထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ဇွန် (၂၉)ရက် နံနက် (၁၀)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်​​ရေးဦးစီးဌာန သာယာအေးခန်းမတွင်

ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်​​ရေးမှူး ဦးစိုးမင်းထက်၊ ဒုတိယမြို့နယ်အုပ်ချုပ်​​ရေးမှူး ဦးမြင့်ထွန်း၊မြို့နယ်စီမံကိန်းဦးစီးအရာရှိဒေါ်နွဲ့နွဲ့ခိုင် မြို့နယ်ပညာရေးမှူး ဦးတင်ထွန်းတို့က သက်ဆိုင်ရာ ကျေးရွာများမှကျောင်းသားကျောင်းသူ (၉၁)အတွက် တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀)နှုန်းဖြင့်စုစုပေါင်ငွေကျပ်(၄၅၅၀၀၀၀)ကျပ်ကိုပထမအကြိမ်​​ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်
"ပညာသင်​​ထောက်ပံ့ကြေးငွေပေးအပ်ရခြင်းမှာ မြန်မာယန်စီကော့ပါးလီမိတက်စီမံကိန်းပတ်ဝန်းကျင်အတွင်းရှိ ယခုနှစ်တွင်ပညာသင်ကြားနေသော ဒသမတန်ကျောင်းသူများကို ယနေ့ ဦးစားပေး ပေးအပ်တာပါ။ ဆက်လက်ပြီး တက္ကသိုလ်အသီးသီးတွင် နေ့ကျောင်းတက်​​နေကြသော မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများကိုလည်း တစ်ဦးလျှင်​​ငွေကျပ် (၁၀၀၀၀၀)နှုန်းဖြင့် (၃၆)ဦးအတွက် စုစုပေါင်ငွေကျပ် (၃၆)သိန်းကိုလည်း အလားတူပေးအပ်သွားမည်"ဟုတာဝန်ရှိသူကပြောကြားသည်
  အခမ်းအနားသို့တက်​​ရောက်လာသည့် ယင်းမာပင်မြို့နယ်​​ရွှေပန်းခိုင်​​ကျေးရွာမှ ဒသမတန်ကျောင်းသား မောင်​​အောင်သူရက "သားတို့ကို အခုလိုပညာသင်​​ထောက်ပံ့ပေးတဲ့ တာဝန်ရှိသူများကို ကျေးဇူးတင်ပါတယ်။ အခုရတာက ငွေကျပ် (၅၀၀၀၀)ဆိုတော့ သားကအရမ်ပျော်ပါတယ်။ သားတို့ကျောင်းသာများအတွက် လိုအပ်တဲ့ စာရေးကရိယာများနှင်ကျောင်းဝတ်စုံအတွက် လုံလောက်ပါတယ်။ မိဘများအနေဖြင့်လည်ငွေကုန်ကျမှုလျော့နည်စေပါတယ်။ သားက ယခုပညာသင်နှစ်ကို နှစ်ချင်ပေါက် ထူးထူးချွန်ချွန်​​အောင်မြင်​​အောင်ကြိုးစားသွားပါမည်"ဟု ပြောကြားသည့် ရင်တွင်းစကားသံကိုကြားသိရသည်
ရေကြည်ပင်​​ကျေးရွာမှ ဒသမတန်ကျောင်းသူမစန္ဒာက "သမီး ဒီနေ့အရမ်ပျော်ပါတယ်။ဝမ်းလည်းဝမ်း သာဖြစ်မိပါတယ်။ သမီးအနေဖြင်ပြောရရင် ထူးချွန်ဆုရရှိသလိုခံစားမိပါတယ်ထောက်ပံ့ပေးသော မြန်မာယန်စီကော့ပါးလီမိတက်စီမံကိန်းမှတာဝန်ရှိသူများနှင့်မြို့နယ်မှတာဝန်ရှိသူများက သမီးတို့လို့ကျောင်းသားကျောင်းသူများကိုအလေးထားဂရုပြုကူညီပေးတဲ့အတွက် အထူးဂုဏ်ယူလေးစားဖြစ်မိပါတယ်။ ယခုနှစ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကြီးကို သမီးထူးချွန်​​အောင်မြင်​​အောင်ကြိုးစားသွားပါမည်"ဟု ပြေားကြားသည်

No comments:

Post a Comment