Monday, June 30, 2014

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံမြို့နယ်သာယာကုန်းကျေးရွာတွင် သိပ္ပံနည်းကျစိုက်နည်းစနစ်(GAP) ဖြင့် ပျိုးဘောင်ပြင်ဆင်ခြင်း၊ မျိုးစေ့ချခြင်းလုပ်ငန်းများဆောင်ရွက်



ထားဝယ် ဇွန် ၃၀
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဝန်ကြီး၏လမ်းညွှန်ချက်နှင့်အညီ တစ်မြို့နယ်(၁၀) ဧကစံပြကွက်စိုက်ပျိုးပြသခြင်း ကိုထားဝယ်ခရိုင်၊လောင်းလုံမြို့နယ် သာယာကုန်း ကျေးရွာကွင်းအမှတ် (၈၁)၊တောင်သူဦးနေဝင်းပါ(၃)ဦး၏ လယ်မြေ(၁၀) ဧကပေါ်တွင်မိုး စပါးသိပ္ပံနည်းကျစိုက်နည်းစနစ် (GAP)ဖြင့်စိုက်ပျိုးရန်အတွက်ပျိုးဘောင်ပြင်ခြင်း ၊မျိုးစေ့ချခြင်းလုပ်ငန်းအား စံပြအဖြစ်ပြုလုပ်ပြသခဲ့ပါသည်။ယင်းမျိုးစေ့ချပွဲပြုလုပ်ရာတွင်တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှတိုင်းဒေသကြီး ဦးစီးမှူးဦးထွန်းအောင်ကျော်နှင့် ထားဝယ်ခရိုင်ဦးစီးမှူးဦးကျော်လှတို့မှသိပ္ပံနည်းကျစိုက်
နည်းစနစ်(GAP)ဖြင့်ပျိုးထောင်နည်း စနစ်ကိုရှင်းလင်းပြသ ပြီး မြို့နယ်ဦးစီးမှူးဦးမျိုးအောင်နှင့်တိုင်း၊ခရိုင်၊မြို့နယ်ဝန် ထမ်းများမှ စနစ်တကျ  ပျိုးဘောင်ပြုလုပ် ခြင်း၊ မျိုးစေ့ချခြင်းကိုလက်တွေ့ပြုလုပ်ပြသခဲ့ပါသည်။
ယင်းမျိုးစေ့ချပွဲသို့သာယာကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တောင်သူ(၅၀)ဦးခန့် လာရောက် လေ့လာပြီးလက်တွေ့ ဘောင်ဆွဲခြင်း၊ မျိုးစေ့ချခြင်းကိုတပျော်တပါးဆောင်ရွက်ခဲ့ကြ ကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment