Monday, June 30, 2014

ရွှေဖြူးပညာရေးဖောင်ဒေးရှင်းမှ ပညာရည်ချွန်ဆုများပေးအပ်





ဖြူး၊ ဇွန် ၃၀
၂၀၁၃-၂၀၁၄ခုနှစ် ပညာသင်နှစ်အတွက် ဖြူးမြို့နယ်အတွင်းရှိ အထက်တန်းသင် ကျောင်းများမှ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများ၊ ဂုဏ်ထူးဆောင်ဆရာ/ဆရာမများ၊ အောင်ချက်အကောင်းဆုံးဆုရ ကျောင်းများ၊ ဂုဏ်ထူးရှင် အရေအတွက်အများ ဆုံးကျောင်း၊ အောင်ချက်ရာခိုင်နှုန်းတိုးတက်သော ကျောင်းများ ကို "ရွှေဖြူး- ပညာရေးဖောင်ဒေးရှင်း"က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ(၂၉)ရက်၊ နံနက်()နာရီအချိန်က ဖြူးမြို့နယ်စည်ပင်သာယာ ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်နှင့် ရွှေဖြူး - ပညာရေး ဖောင်ဒေးရှင်းဥက္ကဌ ဦးညွန့်ဝေတို့မှ အမှာစကားများပြောကြားခဲ့သည်။ ဆက်လက်၍ ငါးဘာသာဂုဏ်ထူးရှင် နှစ်ဦးအား ရွှေဖြူး ပညာရေးဖောင်ဒေးရှင်းဥက္ကဌ ဦးညွန့်ဝေမှလည်းကောင်း၊ လေးဘာသာဂုဏ်ထူးရှင် ()ဦးအား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်နှင့် သုံးဘာသာဂုဏ်ထူးရှင်၊ နှစ်ဘာသာ ဂုဏ်ထူးရှင်နှင့် တစ်ဘာသာဂုဏ်ထူးရှင်များအား ရွှေဖြူး ပညာရေးဖောင်ဒေးရှင်မှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ များနှင့် ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများကိုယ်စား ငါးဘာသာဂုဏ်ထူးဆုရရှိသူ မမိုမိုဆွေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment