Friday, June 27, 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိ



နေပြည်တော် ဇွန် ၂၇
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ဒေသစံတော်ချိန် မွန်းလွဲ (၁)နာရီခွဲတွင် ရောက်ရှိကြရာ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Liu  Zhenminနှင့် ဇနီး၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများက ပေကျင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ခေတ္တတည်းခိုမည့် ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာသို့ ရောက်ရှိကြသည်။

No comments:

Post a Comment