Monday, June 30, 2014

မြန်မာအမျိုးသမီးများနေ့ဆိုင်းဘုတ်ဖွင့်ပွဲကျင်းပ

စစ်ကိုင်း၊ ဇွန် ၃၀
၂၀၁၄၊ ခုနှစ်ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့က "မြန်မာအမျိုး သမီးများနေ့" (MyanMar Women's Day)


ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ဇွန်(၃၀)ရက် နံနက်(၇)နာရီက စစ်ကိုင်းမြို့ ပန်းဘဲတန်း ရပ်ကွက် ရွှေမင်းဝံပန်းခြံရှေ့၌ ကျင်းပသည်။
အဆိုပါ ဆိုင်းဘုတ်ကို ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နီလာဟိန်းနှင့် မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဌ ဒေါ်နှင်းအိခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်းမှ ဂုဏ်ပြုတပ်ဖွဲ့ကို ဆုငွေချီးမြှင့်ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ စစ်ကိုင်းပညာရေး ကောလိပ် အုပ်ချုပ်သူဆရာမများနှင့် သင်တန်းသူ ဆရာမလောင်းများ တက်ရောက်ခဲ့ကြသည်ကို သိရသည်။

No comments:

Post a Comment