Monday, June 30, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မူကြီး (၅) ရပ်နှင့် နှစ်(၆၀) ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ တက်ရောက်


ပေကျင်း ဇွန် ၂၉
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တရုတ်နိုင်ငံ ဒုတိယသမ္မတ မစ္စတာလီယွမ်ချောင် (Mr.Li Yuan Chao)၊ အိန္ဒိယနိုင်ငံ ဒုတိယသမ္မတ မိုဟာမက်ဟာမစ် အန်ဆာရီတို့နှင့်အတူ ယနေ့နံနက် ၁၁ နာရီတွင် ပေကျင်းမြို့ရှိ ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာ ဖန်ဖေယွမ်းဧည့်ခန်းမ၌ ကျင်းပသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ် နှစ် (၆၀) ပြည့် အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံပြပွဲသို့ တက်ရောက်ကြသည်။

မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ရှေးဦးစွာ တရုတ်-မြန်မာအိန္ဒိယ သုံးနိုင်ငံခေါင်းဆောင် များ သည် ပြပွဲခန်းမ အတွင်း ခင်းကျင်း ပြသထားသည့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ဖြစ်ပေါ်လာပုံ သမိုင်းမှတ်တမ်း ဓာတ်ပုံ များကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာသံ အမတ်ကြီး ဦးသစ်လင်းအုန်း နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment