Sunday, June 29, 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗုဒ္ဓမြတ်စွယ်တော်ကို ဖူးမြှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ လှူဒါန်း





ပေကျင်း ဇွန် ၂၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ဗုဒ္ဓမြတ်စွယ်တော် သီတင်းသုံးစံပယ်တော်မူသည့် လင်ကွမ်းကျောင်းတော်သို့ သွားရောက်ဖူးမြော် ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင် များသည် ဗုဒ္ဓစွယ်တော် တိုက်အတွင်း မြန်မာနိုင်ငံမှ လှူဒါန်း ခဲ့သည့် ကျောက်စိမ်း ဗုဒ္ဓရုပ်ပွား တော်မြတ်ကို အနေကဇာတင် မင်္ဂလာ အခမ်းအနားသို့ တက်ရောက် ဖူးမြော် ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် ဗုဒ္ဓစွယ်တော်တိုက်ဥက္ကဋ္ဌ ဆရာတော်က နိုင်ငံတော် သမ္မတ ကိုးကွယ်ရန် ဗုဒ္ဓမြတ်စွယ်တော်ပွား တစ်ဆူကို ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတသည် ဗုဒ္ဓစွယ်တော်တိုက် ဥက္ကဋ္ဌ ဆရာတော်ထံ ဗုဒ္ဓမြတ်စွယ်တော် မြန်မာ နိုင်ငံသို့ ဒေသစာရီကြွစဉ်က မြန်မာပြည်သူ ပြည်သားများက လှူဒါန်းခဲ့သည့် ဓမ္မဘဏ္ဍာ ပစ္စည်းများ ဖြစ်သည့် အလေးချိန် ဂရမ် ၅၀၀၀၀ ရှိ စွယ်တော်ကျောင်းဆောင်နှင့် ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ ပုလဲ၊ ရွှေစင်နှင့် ရတနာမျိုးစုံတို့ကို မြန်မာ-တရုတ်နှစ်ဘာသာဖြင့် ရေးသားထားသည့် ဓမ္မဘဏ္ဍာ အလှူတော် မှတ်တမ်း ကြေးပြားများကို ဆက်ကပ်လှူဒါန်းသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ ဗုဒ္ဓမြတ်စွယ်တော်သည် မြန်မာနိုင်ငံသို့ ၁၉၅၅ ခုနှစ်တွင် ပထမအကြိမ် ကြွရောက် တော်မူခဲ့ပြီး ရှစ်လကြာအပူဇော်ခံခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ် ကြွရောက် တော်မူခဲ့ပြီး ၄၅ ရက်ကြာ အပူဇော် ခံခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် တတိယအကြိမ် ကြွရောက် တော်မူခဲ့ပြီး ရက်ပေါင်း ၉၀ အပူဇော် ခံခဲ့ကာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် စတုတ္ထအကြိမ် ကြွရောက်တော် မူခဲ့ပြီး ၄၈ ရက် အပူဇော် ခံခဲ့ကြောင်း မှတ်တမ်းများအရ သိရ သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓမြတ်စွယ်တော် သီတင်းသုံးစံပယ်တော်မူသည့် လင်ကွမ်းကျောင်းတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ချောင်ဝမ်ခရိုင်အတွင်းရှိ တရုတ်နိုင်ငံ မင်မင်းဆက် လက်ထက်တွင် စတင်တည်ဆောက်ခဲ့သည့် Temple of Heaven ကျောင်းဆောင်ကို သွားရောက်ကြည့်ရှု လေ့လာခဲ့သည်။



No comments:

Post a Comment