Saturday, June 28, 2014

ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် စီမံကိန်းတာဝန်ပေးအပ်

ဂန့်ဂေါ ဇွန် ၂၇
ဂန့်ဂေါခရိုင် ဆောမြို့နယ်၏ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကို ဇွန် ၂၃ ရက်က ဆောမြို့ ယောမင်းကြီးဦးဘိုးလှိုင် ခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ထွန်းကအမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွဲ့နွဲ့ရင် က စီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံကိန်းတာဝန်များ ပေးအပ်သည်။

ဆောမြို့နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ စီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် ငွေကျပ်သန်း ပေါင်း ၇၈၇၆၇ ဒသမ ၆ သန်း လျှာထားကြောင်း သိရသည်။

No comments:

Post a Comment