Tuesday, May 27, 2014

စာဖတ်ရှိန် စဉ်ဆက်မပျက် မြှင့်တင်ရေး Mobile Library ကွင်းဆင်းဆောင်ရွက်

စဥ့်ကိုင်၊ မေ - ၂၇
မြို့နယ်အတွင်း ဖွင့်လှစ်ထားသော ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန် စဉ်ဆက်မပျက် မြှင့်တင်ရေးအတွင် စဥ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့်



ချိတ်ဆက်ကာ Mobile Library နယ်လှည့် စာကြည့်တိုက် လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ မေလ(၂၇)ရက်နေ့ နံနက်(၉)နာရီကလည်း ကသဲကုန်းကျေးရွာ သဲရွှေပြည်စာကြည့်တိုက်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်တင်တင်ထွေး ပြောကြားချက် များအရ သိရှိရသည်။
“ကျမတို့ ဌာနကနေ စာကြည့်တိုက်တွေ ဖွင့်ထားတယ်၊ အဲဒီစာကြည့်တိုက်တွေမှာ စာအုပ်တွေက နည်းတော့ ရုံးစာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေ၊ သုတကော၊ ရသကောပေါ့ အားလုံးပေါင်း (၂၀၀)ဝန်ကျင်လောက်ကို စာကြည့်တိုက်တွေကို ပို့ပေးထားတယ်၊ (၁)လတစ်ကြိမ် အသစ်လှဲလှယ်ပေး တယ်၊ ကိုယ့်အားကိုယ့်ကိုး စာကြည့်တိုက်တွေတင်မကဘူး လူအများရှိတဲ့နေရာတွေမှာ လည်း စက်ရုံတို့၊ ကျောင်းတို့၊ တက္ကသိုလ်တို့ပေါ့ Mobile Library ဆောင်ရွက်ပေးထားတယ်” ဟု မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်တင်တင်ထွေးက ပြောကြားချက်အရ သိရသည်။
Mobile Library များ လူအများစုဝေးရာနေရာများတွင် ဆောင်ရွက်ပေးခြင်းအားဖြင့် စာပေများ ဖတ်ရှုဖြစ် ကြောင်းကိုလည်း သဲရွှေပြည်စာကြည့်တိုက်မှူးက “ကျွန်တော်တို့စာကြည့်တိုက်က စာအုပ်တွေက ရွာသား တွေ ဖတ်လို့ကုန်သွားတော့ အသစ်လည်း မဝယ်နိုင်သေးတဲ့အချိန် အခုလို Mobile Library တွေ ဆောင်ရွက်ပေးတာ ရွာသူရွာသားတွေ စာဖတ်ရှိန် မပျက်တော့ပဲ အမြဲဖတ်ဖြစ်တာသွားတာ ကောင်းပါ တယ် ”ဟု ပြောကြားခဲ့သည်။

စဥ့်ကိုင်မြို့နယ် ပြန်/ဆက်ဦးစီးဌာနအနေဖြင့် စာတက်သူတိုင်း စာဖတ်ရေးနှင့် စာမဖတ်သူပပျောက်ရေး တို့အတွက် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လူစည်ကားသော နေရာများတွင် Mini Book Corner များ ထားရှိပေးခြင်း၊ Mobile Library များ ဆောင်ရွက်ပေးခြင်းတို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေးအတွင် အသိပညာပေး ဟောပြောပွဲများကို ကွင်းဆင်းဆောင် ရွက်လျှက်ရှိကြောင်းသိရှိရသည်။

No comments:

Post a Comment