Tuesday, May 27, 2014

မြန်မာဘာသာစကား ကြွယ်ဝဖွံ့ဖြိုးရေး သင်တန်းဆင်း

ပညာရေး ၀န်ကြီးဌာနနှင့် UNICEF တို့ ပူးပေါင်း ဖွင့်လှစ်သည့် မြန်မာဘာသာ စကားကို အစီအစဉ် သစ်ဖြင့် မူလတန်း အထက်ဆင့်တွင် သင်ကြား အကောင်အထည်ဖော်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၂၆ ရက်၊ မွန်းလွဲ ၁ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမတွင် ကျင်းပသည်။



 ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မာက ယခု အစီစဉ်သစ်တွင် မြန်မာဘာသာစကား ဘာသာရပ် အတွက် ရည်ရွယ်ချက် အသစ်များ၊ သင်နည်းအသစ်များ ပါဝင်ပြီး အဓိကအားဖြင့် မြန်မာဘာသာ မြန်မာစကား ကျွမ်းကျင်မှု ချို့ယွင်းအားနည်းသည့် တိုင်းရင်းသား ကလေးငယ်များ အတွက် ကလေးဗဟိုပြုချဉ်းကပ်နည်း (CCA) သင်ကြားရေး အစီစဉ် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ သင်ရိုးဌာနခွဲမှ ဆရာမ ဒေါ်ခင်ရှမ်းအေးဖြူက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက် သည်တို့ကို ရှင်းလင်းပြောကြားကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။ အဆိုပါသင်တန်းကို သထုံမြို့နယ်အတွင်းရှိ ကျောင်း ၁၇၈ ကျောင်းမှ တတိယတန်းနှင့် စတုတ္ထတန်းသင် ဆရာဆရာမ ၃၅၅ ဦးတို့ တက်ရောက်သင်ကြားကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတို့ အနက် ယခု သင်ကြားရေးစနစ်ကို မွန်ပြည်နယ်တွင် စတင်အကောင်အထည်ဖေါ်ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment