Tuesday, May 27, 2014

ကျောက်ဆည်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့နှစ်ပတ်လည် အစည်းအဝေးနှင့် ထောက်ပံ့ငွေများပေးအပ်

ကျောက်ဆည်၊ မေ- ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို မေလ(၂၆)ရက် နံနက် (၁၀)နာရီက အဆိုပါရုံးအစည်းအဝေး ခန်းမဆောင်တွင် ကျင်းပခဲ့သည်။


အခမ်းအနားကို မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဌ ဗိုလ်ကြီးလေးလွင်က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်သား သမီးများအား ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ပိုမိုကြိုးစားသင်ယူရေးနှင့် ထောက်ပံ့ငွေ ပေးအပ်ရခြင်း အကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသား၊ ကျောင်းသူ (၂၄၈)ဦးအား (၁၈၄၉၀၀၀)ကျပ်၊ အဖွဲ့ဝင်နာရေး (၁၄)ဦးအား (၅၉၀၀၀၀)ကျပ်၊ မသန်စွမ်း စစ်သည် (၅၃)ဦးအား (၁၃၄၀၀၀၀)ကျပ်၊ အဖွဲ့ဝင် (၉)ဦး ဆေးကုသစရိတ်(၉၀၀၀၀)၊ သက်ကြီးအဖွဲ့ဝင် (၂၂)ဦးအား (၇၇၀၀၀၀)၊ စည်းရုံး ရေးမှူး (၁၄)ဦးအား တစ်နှစ်အတွက် (၁၆၈၀၀၀၀)ကျပ်၊ သင်တန်းသား (၃)ဦးအား (၇၅၀၀၀)ကျပ်၊ ဘာသာရေး အလှူငွေကျပ် (၂၈၀၀၀၀)ကျပ်၊ စုစုပေါင်း (၆၆၇၄၀၀၀)ကျပ် ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။

No comments:

Post a Comment