ပုလော မေ ၁ ရက်
ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှကြီးမှူး၍ (၆၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကြိုဆိုဂုဏ်ပြု
သောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မေလ(၁)ရက် နံနက်(၇)နာရီက ပုလောမြို့
အရှေ့ ကျောင်းတိုက် မြို့လုံး ကျက်သရေ စေတီတော် ပတ်ဝန်းကျင်တွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးကို မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်မြင့်
ဦးဆောင်၍ သန္ဓေ်ဓနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀၀)ဦးခန့် က စေတီတော် ပတ်ဝန်းကျင်တွင်
တောခုတ်ခြင်း၊ စေတီတော် ရင်ပြင်နှင့် တန်းဆောင်းတို့တွင် သန့်ရှင်းရေးများပြုလုပ်ခြင်းဖြင့်
ကုသိုလ်ပြု စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment