Friday, May 2, 2014

မြိတ်မြို့တွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)မှ အိမ်တိုင်ယာရောက် စစ်တမ်းကောက်ယူ ဆေးစစ်ကုသ ပေး၍ အသိပညာပေးဟောပြော

မြိတ် မေ ၂ ရက်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများ၏ စစ်တမ်းကောက်ယူခြင်းနှင့် ကွင်းဆင်းကုသရေးအဖွဲ့သည် အိမ်တိုင်ယာရောက် စစ်တမ်း ကောက်ယူခြင်း၊ အသိပညာ ပေးဟောပြောခြင်းနှင့် အခမဲ့ ဆေးကုသပေးခြင်းကို ကျေးရွာများတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ မေလ(၂) ရက် နံနက်(၉)နာရီက မြိတ်မြို့နယ် ကလွင်ကျေးရွာ စမ်းချောင်းရပ်တွင် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိသည်။



ရှေးဦးစွာ အမက(ရှမ်းချောင်း)တွင် စစ်တမ်းကောက်ယူခြင်းနှင့် ကွင်းဆင်းကုသရေးအဖွဲ့ ခေါင်းဆောင် ဆရာဝန် ဒေါက်တာ မောင်မောင်မြင့်က စစ်တမ်းကောက်ယူခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး အဖွဲ့ဝင် ကျောင်းသား/သူများက သွားတစ်ချောင်းကြောင်းသိကောင်းစရာ၊ သွားပိုးစားရောဂါဖြစ်ပေါ်လာပုံ၊ သွားပိုးစ၀ား ရောဂါ၏ နောက်ဆက်တွဲဖြစ်စဉ်များ၊ သွားနှင့်ပတ်သက်သောရောဂါဖြစ်ပွားမှု၊ သွားရောဂါ ကြိုတင် ကာကွယ်မှုများ အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျေးရွာပြည်သူများမှ ရောဂါနှင့်ပတ်သက်သည့် သိလိုသည့်မေးမြန်းများ အား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး ကျောင်းအတွင်း တွင် သွားနှင့်ပတ်သက်သည့် ရောဂါများ ဆေးစစ်ကုသ ပေးပြီး ဆေးများ အခမဲ့ပေးဝေခဲ့ကြသည်။
စစ်တမ်းကောက်ယူခြင်းနှင့် ကွင်းဆင်းကုသရေးအဖွဲ့မှ ကျောင်းသား/သူများမှ ကျေးရွာအတွင်းသို့ အိမ်တိုင် ယာရောက် ကွင်းဆင်း၍ အသက်အပိုင်းခြားအလိုက် စစ်တမ်းများကောက်ယူခြင်း၊ သွားနှင့်ပတ်သက်သည့် ရောဂါရှိမရှိ စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြပြီး ဆေးကုသပေးခဲ့ကြသည်။ အလားတူ မြိတ်မြို့နယ် အတွင်းရှိ အင်္ဂမော်ကျေးရွာ၊ စန္ဒ၀တ်ကျေးရွာ၊ ကျွဲကူးကျေးရွာ၊ ရေမြစ်ကြီးကျေးရွာတို့တွင် ဧပြီလ(၂၈)ရက်မှ စတင်၍ အိမ်တိုင်ယာရောက် ကွင်းဆင်း စစ်တမ်းကောက်ယူခြင်း၊ အသိပညာပေးဟောပြောခြင်း၊ ဆေးစစ်ကုသ ပေးခြင်း ဆောင်ရွက်ခဲ့ကြရာ ကျေးရွာအတွင်းရှိ ပြည်သူ(၄၀၀)ဦးခန့်အား အခမဲ့ဆေးကုသပေးနိုင်ခဲ့ပြီး ဆေးများ အခမဲ့ပေးဝေခဲ့ကြသည်။

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများ၏ စစ်တမ်းကောက်ယူခြင်းနှင့် ကွင်းဆင်းကုသရေး အဖွဲ့သည် အိမ်တိုင်ယာရောက် စစ်တမ်းကောက်ယူခြင်း၊ အသိပညာပေး ဟောပြောခြင်းနှင့် အခမဲ့ ဆေးကုသပေးခြင်းကို ကျေးရွာများသို့ လာရောက်၍ သွားနှင့်ပတ်သက်သည့်ရောဂါများ အသိပညာပေးခြင်း ဆေးစစ်ကုသပေးခြင်းသည် ကျေးရွာ ပြည်သူများ အတွက် များစွာအကျိုးရှိကြောင်း၊ မိမိအနေဖြင့် သွားနှင့်ပတ်သက်၍ ဆေးကုသခြင်းကို တစ်ကြိမ်တစ်ခါမှ မဆောင်ရွက် ခဲ့ဖူးကြောင်း၊ ယခုကဲ့သို့ သွားနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပေးသဖြင့် သွား၏အရေးကြီးပုံနှင့် သွားရောဂါ အကြောင်းသိရှိခဲ့ရကြောင်း မိမိအနေဖြင့် အဆိုပါအဖွဲ့အား ကျေးဇူးအထူးတင်ရှိကြောင်း ကျေးရွာပြည်သူတစ်ဦးမှ ပြောကြားခဲ့ ကြောင်း သိရှိရသည်။

No comments:

Post a Comment