Friday, May 2, 2014

ကျွန်းစုမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျွန်းစု မေ ၁ ရက်
ကျွန်းစုမြို့နယ်၊ ကျွန်းရတနာခန်းမ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအေ၀းကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်ခန့်တွင် ကျင်းပရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်


သစ်တော/သတ္တုဝန်ကြီး ဦးတင်စိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စည်ပင်သာယာရေး ကော်မတီများ၊ အထောက်အကူပြု ကော်မတီများနှင့် ရပ်/ကျေးအုပ်ချုပ်ရေး မှူးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သစ်တော/သတ္တုဝန်ကြီး ဦးတင်စိုးက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျွန်းစုမြို့နယ် ဖွံ့ဖြိုးရေး အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု ကော်မတီများနှင့် ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးငြိမ်းထွေးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ ကျေးရွာများအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား Power point များဖြင့် ရှင်းလင်းပြောကြားရာ ၀န်ကြီးများမှ လိုအပ်သည်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment