Friday, May 30, 2014

သထုံမြို့နယ် ၌ ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်



၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းသူကျောင်းသားများ ကျောင်းဖွင့်ချိန်အမှီ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေး အတွက် ဆောက်လုပ်ပြီးစီးပြီ ဖြစ်သော သထုံမြို့နယ် အတွင်းရှိ သုဓမ္မ၀တီမြို့သစ် မူလတန်း ကျောင်းဆောင်သစ်၊





ဘင်လှိုင်ရပ်ကွက် အောက်လမ်း မူလတန်း ကျောင်းဆောင်သစ်၊ အောက်ကျင်း ရပ်ကွက် ကန်ညီနောင် မူလတန်းလွန် ကျောင်းဆောင်သစ်နှင့် ကတိုက်ကလေးကျေးရွာ အလယ်တန်း ကျောင်းဆောင်သစ်တို့အား မေလ ၂၈ ရက်နေ့က ပညာရေး ၀န်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။ ပေးအပ်ပွဲများကို အဆိုပါ ကျောင်းများတွင် ကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ မြို့နယ်အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး Good Day & Zaw Group ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူတို့က ကျောင်းဆောင်သစ်များနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို သက်ဆိုင်ရာ ကျောင်းများတွင် ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူသည်။ အဆိုပါ ကျောင်းများကို ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုငွေဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး သုဓမ္မ၀တီကျောင်းမှာ အလျားပေ ၉၀၊ အနံ ပေ ၃၀၊ ကုန်ကျငွေ သိန်း ၃၂၀၊  ဘင်လှိုင် အောက်လမ်း မူလတန်းကျောင်းမှာ အလျားပေ ၆၀၊ အနံ ပေ ၃၀၊ ကုန်ကျငွေ ၂၁၆ သိန်း၊  ကန်ညီနောင် မူလတန်းလွန် ကျောင်းမှာ အလျားပေ ၉၀၊ အနံ ပေ ၃၀၊ ကုန်ကျငွေ သိန်း ၃၂၀ နှင့် ကတိုက်ကလေးကျေးရွာ အလယ်တန်းကျောင်းမှာ အလျားပေ ၉၀၊ အနံ ပေ ၃၀၊ ကုန်ကျငွေ ၂၁၆ သိန်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment