Friday, May 30, 2014

လူမှုဖူလုံရေး နာရေးထောက်ပံ့ငွေ ပေးအပ်



သထုံမြို့နယ် လူမှုဖူလုံရေး အဖွဲ့ရုံးတွင် မှတ်ပုံတင် ထားရှိပြီးသော အာမခံအလုပ်သမား ၂ ဦး တို့အတွက် နာရေး ထောက်ပံ့ငွေများကို မေလ ၂၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီက အဆိုပါ ရုံးတွင်ပေးအပ်ခဲ့သည်။ 


 မြို့နယ်လူမှုဖူလုံရေး ရုံးခွဲ တာဝန်ခံ ဒေါ်မြင့်မြင့်အေးက လူမှုဖူလုံရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး သထုံမြို့နယ် အတွင်းရှိ အမှတ်(၂) အကြီးစားတာယာနှင့် ရော်ဘာပစ္စည်း ထုတ်လုပ်ရေး စက်ရုံမှ အာမခံ အလုပ်သမား ဦးသက်အောင် အတွက် ထောက်ပံ့ငွေ ၉၉၀၀၀ ကျပ် နှင့် မြန်မာ့မီးရထားမှ အာမခံ အလုပ်သမား ဦးဌေးလွင် အတွက် ထောက်ပံ့ငွေ ၉၀၀၀၀ ကျပ်တို့ကို ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ လုပ်ခလစာ၏ တစ်ဆအဖြစ် တာဝန်ခံ ဆရာဝန်နှင့် တာဝန်ရှိသူများ ရှေ့တွင် မိသားစုဝင်များထံ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment