Friday, May 30, 2014

သထုံမြို့နယ် အတွင်းရှိ Mini Book Corner များသို့ လစဉ် စာအုပ်အသစ်များ ဖြည့်ပေး



သထုံမြို့နယ် အတွင်းရှိ နံရံကပ်စာပေရေချမ်းစင် Mini Book Corner များတွင် လစဉ် စာအုပ်စာစောင် အသစ်များကို မတ်လ ၂၈ ရက်နေ့က သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လိုက်လံ ဖြည့်တင်း ပေးခဲ့ကြောင်း သိရသည်။ 




မြို့နယ်အတွင်း လူစည်ကားရာ နေရာများတွင် စာပေ ချစ်မြတ်နိုးသူများက လှူဒါန်းထားသည့် စာပေ ရေချမ်းစင်ငယ် ၂၉ ခု ရှိပြီး ယခင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ပေါ်တွင် ထားရှိပေးထားသည့် Mini Book Corner များကို မြို့နှင့်အလှမ်းဝေးရာ ကျေးရွာများတွင် ပြောင်းလဲထားရှိ ပေးသွားမည်ဖြစ်သည်။ “မြို့ပေါ်မှာက တိုးတက် ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ ဖတ်မှတ် လေ့လာစရာတွေ ပေါပေမယ့် ကျေးလက်ဒေသတွေမှာ ဖတ်ချင်သူတွေ အတွက် စာအုပ်စာပေတွေက နည်းပါးနေပါ သေးတယ်။ ဒါကြောင့် မြို့နဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသတွေက ကျေးလက် နေပြည်သူတွေ ဗဟုသုတ တိုးပွားပြီး လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်စေဖို့ အခုလို စီစဉ်တာပါ” ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ အဆိုပါ Mini Book Corner များတွင် သက်ဆိုင်ရာ ဘာသာရပ် အလိုက် စာစဉ် ၁၃ မျိုးပါဝင်ပြီး သေးငယ်ပေါ့ပါးကာ ကြည်ရှုလေ့လာစရာ ကဏ္ဍပေါင်းစုံ ပါဝင် သောကြောင့် စာပေချစ်မြတ်နိုးသူတို့ သဘောကျ နှစ်ခြိုက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment