Thursday, May 29, 2014

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာတွင် သဘာဝမြေဩဇာ/မြေဆီလွှာအကြောင်း အသိပညာပေးစကားဝိုင်း ဆွေးနွေးပွဲကျင်းပ

နေပြည်တော် -မေ(၂၉)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် အမျိုးသမီး ရေးရာအဖွဲ့ချုပ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း အဖွဲ့တို့ ပူးပေါင်း၍ ကျေးလက်နေ ပြည်သူများအကြား မြေဆီလွှာ/သဘာဝ မြေဩဇာနှင့်ပတ်သက်၍ အသိပညာများ ပွားများလာစေရန် ဆောင်ရွက်လျက်ရှိရာ
မေ(၂၉) ရက် နံနက်(၈)နာရီခွဲတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာ ဈေးကုန်းကျောင်းတိုက် ဗုဒ္ဓနုဂ္ဂဟ သာသနာ့ဗိမာန်တော်၌ မြေဆီလွှာအကြောင်း အသိပညာပေးစကားဝိုင်းနှင့် ဟောပြောပွဲကိုကျင်းပ သည်။ အဆိုပါဟောပြောပွဲသို့ အမျိုးသမီးရေးရာအဖွဲ့ချုပ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါ်ဆွေဆွေချစ်နှင့်အဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သက်သက်ဇင်နှင့် တာဝန်ရှိသူများ၊ ကျည်တောင်ကန်ကျေးရွာ အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင် များနှင့် တောင်သူအမျိုးသမီးများ တက်ရောက်ကြပြီး သစ်တောသုတေသနဌာန ပညာရှင်များမှ မြေဆီလွှာ အကြောင်း သိကောင်းစရာနှင့် သဘာဝမြေဩဇာ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ သဘာဝမြေဩဇာ(ဒေါ်ချပ်ကင်)နှင့် အီးအမ်ဘိုကာရှီ ပြုလုပ်နည်းများ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။  

No comments:

Post a Comment