Friday, May 30, 2014

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ သတင်းကြေညာချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
သတင်းကြေညာချက်
၁၃၇၆ခုနှစ်၊ နယုန်လဆန်း ၂ရက်
၂၀၁၄ ခုနှစ်၊ မေ ၃၀ရက်
၁။ သတ္တုတွင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟို ကော်မတီ သည် ၂၀၁၄ခုနှစ်၊ (၅၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမနှင့် မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်တို့တွင် ၂၀၁၄ခုနှစ်၊ ဇွန် ၂၄ ရက်မှ ဇူလိုင် ၆ ရက်အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။

၂။ မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များက တင်ပြရောင်းချ လိုသည့် ကျောက်မျက်ရတနာများကို ၂၀၁၄ခုနှစ်၊ မေ ၁၉ ရက်မှ ဇွန် ၁၁ရက်အထိ စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်း၊ ရောင်းချပွဲကျင်းပ မည့်နေရာသို့ ပြောင်းရွှေ့ခင်းကျင်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
၃။ ကျောက်မျက်ရတနာပြပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များ လိုင်စင်ရယူ၍ ကျောက်မျက် ရတနာ အချောထည်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ သက်တမ်းရှိ ဂျီတီစီ (GTC) လိုင်စင်ရယူ ထားသူများနှင့် ကျောက်မျက်ရတနာ ကုမ္ပဏီမှတ်ပုံတင် ရရှိပြီးသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် အသင်း ဝင်နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရတနာပြပွဲသို့ တက်ရောက်ခွင့် ပြုမည် ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့် အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရယူ ထားသူ များကို ဝယ်ယူခွင့်ပြုမည်ဖြစ်ပါသည်။ ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်ဝယ်ယူ လိုသော နိုင်ငံသား ရတနာကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံစပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်း ရမည် ဖြစ်ပါသည်။
၎။ ၂၀၁၄ခုနှစ်၊ ဇွန် ၂ရက်မှ ၁၃ရက်အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းရုံးများတွင် ဖွင့်လှစ်ထားသော စီမံရေးရာလုပ်ငန်းကော်မတီ ရုံးခွဲများတွင် ရတနာ ပြပွဲသို့ တက်ရောက်ဝယ်ယူလိုသော ပြည်တွင်းရတနာကုန်သည်များကို လည်းကောင်း၊ ဇွန် ၁၆ရက်မှ ၂၅ ရက်အထိ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းရုံးချုပ် (နေပြည်တော်) တွင် ဖွင့်လှစ် ထားသော စီမံရေးရာ လုပ်ငန်းကော်မတီရုံးတွင် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များကိုလည်းကောင်း ပြပွဲတက်ရောက် ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ သတ္တုတွင်းဝန်ကြီးဌာန Website www.mining. gov.mm နှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း Website www.mge. gov.mm တွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ မှတ်ပုံတင်ရာ၌ ဖြည့်သွင်းရမည့်ပုံစံ များကို Download ရယူနိုင်ပါသည်။ On-line မှ တစ်ဆင့်လျှောက်ထားလိုပါက Website www.mge.gov.mm ၊ On-line Pre-Registration System တွင် ကြိုတင်မှတ်ပုံတင်၍ ပြပွဲတက်ရောက် ခွင့်ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။
၅။ ၂၀၁၄ခုနှစ်၊ (၅၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တက်ရောက် ဝယ်ယူခွင့်ကိစ္စများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့များတွင် ဖွင့်လှစ်ထားရှိသော စီမံရေးရာ လုပ်ငန်းကော်မတီရုံးနှင့် ရုံးခွဲများတွင် ဆက်သွယ် စုံစမ်းနိုင်ကြောင်း အသိပေးကြေညာ အပ်ပါသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ

No comments:

Post a Comment