Monday, May 26, 2014

နံရံကပ်စာပေ ရေချမ်းစင် ပြည်သူ့သဘောထား ကွင်းဆင်းဆောင်ရွက်

ကျောက်ကြီး၊ မေ(၂၃)

တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ထားရှိသည့် နံရံကပ်စာပေရေချမ်းစင်နှင့် ပတ်သတ်၍ (၂၂-၅-၂၀၁၄) ရက်နေ့၊ နံနက်(၉း၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး နော်လော်မူနှင့်ဝန်ထမ်းများသည်
ပြည်သူလူထု၏ သဘောထားအမြင်ကို သိရှိစေရန် နတ်သံကွင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ၍ မေးမြန်းကြည့်ရာတွင် ထိုကဲ့သို့ မိမိတို့ကျေးရွာတွင် နံရံကပ်စာပေရေချမ်းစင်ကို မိမိတို့ ဈေးတွင်းတွင်သာမက လူစည်ကားသည့် နေရာများတွင်လည်း ထားပေးစေလိုကြောင်း အလွယ်တကူဖတ်ရှုရသည့် အပြင် ပြည်သူလူထုတစ်ရပ်လုံးအတွက် အကျိုးကျေးဇူးများစွာ ရရှိကြောင်း နတ်သံကွင်း ကျေးရွာအထောက်အကူပြုကော်မတီဥက္ကဌ အတီးဦးဝါးကျော်မှ ပြောကြားကြောင်း သိရှိရသည်။

No comments:

Post a Comment