Monday, May 26, 2014

တွံတေးမြို့နယ် အနှေးယာဉ်ငယ်အသင်း ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ

တွံတေး မေ ၂၅
ရန်ုကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကက အမြန်ယာဉ်ငယ်အသင်းမှ ၂၅-၅-၂၀၁၄ ရက်နေ့တွင် ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို


အသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ယာဉ်စည်းကမ်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များမှ ကျောင်းသူ ကျောင်းသား (၁၁၀) ဦးအတွက် တစ်ဦးလျင်(၁၅၀၀၀ိ/-) ဖြင့် ကူညီထောက်ပံ့ ပေးသည်။
ထိုကဲ့သို့ ထောက်ပံ့ကူညီပေးခဲ့သည့် အတွက် ယာဉ်မောင်း မိသားစုဝင်များမှ နှစ်စဉ် ကျောင်းအပ်ရာတွင် ကြုံတွေ့နေကြအခက်အခဲအား ကူညီထောက်ပံ့ပေးသည့်အတွက်အထူးပင်ကျေးဇူးတင်ကြောင်း ကျောင်းသား(၅) ဦး၏ မိခင်ဖြစ်သူ ယာဉ်မောင်း ကိုစိုး ဇနီး ဖြစ်သူ ဒေါ်သီတာဝင်း၏ ၀မ်းသာစကား ကြားသိခဲ့ရပါသည်။

No comments:

Post a Comment