Monday, May 26, 2014

မြိတ်မြို့၊ ဆိပ်ငယ်ဈေးကြီးအနီး၌ ရေစီးရေလာကောင်းမွန်ရေး အတွက် ရေမြောင်းအသစ်ချဲ့ထွင် ဖောက်လုပ်

မြိတ် မေ ၂၆
မိုးရာသီအတွင်း ရေမြောင်းများပိတ်ဆို့မှုကြောင့် လမ်းပေါ်ရေလျှံခြင်း၊ လူနေအိမ်များအတွင်း ရေ၀င်မှုများ ဖြစ်ပေါ်တတ်ခြင်း၊ ရေမြောင်းတွင်းရေဆိုးရေညစ်များကြောင့် သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်ဝမ်းလျှောခြင်း စသည့် ကျန်းမာရေးဆိုးကျိုးများ

ဖြစ်ပေါ်တတ်မှုကြောင့် မြိတ်မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ (၂၀၁၄-၂၀၁၅) ဘတ်ဂျက်ဖြင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ အသစ်ဖေါက်လုပ်ခြင်း၊ ဖေါက်လုပ်ပြီးရေမြောင်းများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်၊ ဆိပ်ငယ်ဈေးကြီး အနောက်ဘက်ရှိ၊ ကုန်သည်လမ်း ပေါ်တွင် ရေထုတ်မြောင်းတစ်ခုကို ပြန်လည်ပြု ပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါရေမြောင်းသည် အလျား(၃၈)ပေ၊ အနံ(၆)ပေ၊ အနက်(၄)ပေခွဲရှိပြီး ဆိပ်ငယ်ဈေးကြီး အတွင်းမှ အသုံးပြုပြီး စွန့်ပစ်ရေများကို မြစ်အတွင်းသို့ပို့လွတ်ရာတွင် အဓိကအသုံးဝင်သည့် ရေမြောင်းတစ်ခုဖြစ်ကာ (၂၁-၅-၂၀၁၄)ရက်နေ့မှ စတင်ပြုပြင် ဆောက်လုပ်လျက်ရှိရာ မြိတ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၃ ဒေါ်ငုဝါ၀င်းမှ ကြီးကြပ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment