Saturday, May 24, 2014

မော်လမြိုင်-သထုံ-ရန်ကုန် ခရီးသည်တင် မှန်လုံယာဉ်လိုင်းအား စစ်ဆေး

သထုံ ၊ မေ ၊ ၂၃
မွန်ပြည်နယ်၊ သထုံမြို့အခြေစိုက် မော်လမြိုင်-သထုံ-ရန်ကုန် ခရီးစဉ်ပြေးဆွဲနေသော “ဝင်း” မှန်လုံ အမြန်ယဉ်လိုင်း တွင် ပြေးဆွဲနေသော ယဉ်များအား စတင်ထွက်ခွာရာ ဂိတ်အရှေ့မှ မထွက်ခွာမှီ နာရီဝက်အလိုတွင် ခရီးသွားပြည်သူ များ


ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ အသက်အန္တရာယ် လုံခြုံရေးတို့ အတွက် ပစန၊ ကညန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့် ယထက အဖွဲ့တာဝန်ရှိသူများက ခရီးသည်တင်ယာဉ်ကြီးများတွင် အဓိကယာဉ်မောင်းများ သတ်မှတ် လိုင်စင် ပြည့်စုံမှု ရှိ/မရှိ၊ အရေးပေါ် ထွက်ပေါက် ပါ/မပါ၊ အရေးပေါ်မှန်ခွဲနိုင်မည့် တူ ပုဆိန် ပါ/မပါ၊ တာယာများ ကောင်း/မကောင်း၊ ယာဉ်မောင်း ယာဉ်နောက်လိုက်များ အရက်သေစာ သောက်စားထားခြင်း ရှိ/မရှိ အစရှိသည့် ယာဉ်အခြေအနေမျက်မြင် စစ်ဆေးချက် ၁၂ ချက်၊ ယာဉ်မောင်းအခြေအနေ စစ်ဆေးချက် ၁၁ ချက် တို့ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောမြင့်လွင်က “မေလ ၂၃ ရက်နေ့မှာ ပြေးဆွဲမယ့် မှန်လုံယာဉ် ၇ စီးကို မနက် ၅ နာရီကစပြီး စစ်ဆေး ခဲ့ရာမှာ ယာဉ်ပေါ်မှာပါတဲ့ မီးသတ်ဆေးဗူးတွေ သက်တမ်းကုန်ဆုံးနေတာကို ပြန်လဲဖို့၊ စံချိန်စံညွှန်းမမှီတော့တဲ့ တာယာတွေပြန်လဲဖို့ အတွက် သတိပေး၊ ပညာပေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီလိုစစ်ဆေး တာကို အပတ်စဉ်ဆောင်ရွက် သွားမှာဖြစ်ပြီး လိုက်နာမှုမရှိခဲ့ရင်တော့ ကုန်းလမ်းနှင့် ပြည်တွင်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာပဲ” ဟု ပြောကြားသည်။

No comments:

Post a Comment