Saturday, May 24, 2014

ခမောက်ကြီးတပ်နယ် စစ်သည်များ ကျောင်းပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ခမောက်ကြီး ၊ မေ ၂၂ ရက်
တနင်္သာရီတိုင်ဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ခမောက်ကြီးမြို့နယ်ခွဲ အခြေခံပညာ အထက်တန်းကျောင်း ၀င်းအတွင်း မေ ၂၂ ရက်နေ့ က ခမောက်ကြီးတပ်နယ် မှ စစ်သည်များ စုပေါင်းသန့်ရှင်းရေးတွင် ပြုလုပ်ဆောင်ရွက် သည်။



အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း အစီအစဉ်တွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန် ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ရည်ရွယ်လျှက် ကျောင်းဝင်းအတွင်း ခြုံနွယ် ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ၊ ကျောင်း ခြံစည်းရိုးများ ပြင်ဆင်ဆောင်ရွက်ပေးခြင်း ၊ ကျောင်းဝန်းကျင် ခြင်များ မခိုအောင်း စေရန် ရေနှုတ်မြောင်း များ ရေစီးရေလာကောင်းမွန်ရေး ရေနှုတ်မြောင်းများ ပြန်လည်တူးပေးခြင်း ၊ အမှိုက်သရိုက်များ ရှင်းလင်း ခြင်း လုပ်ငန်းများ အား တပ်နယ် မှ အရာရှိ၊အရာခံ၊အကြပ် စစ်သည်များ သည် နံနက်ပိုင်း မှ ညနေပိုင်းအထိ တစ်နေ့တာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment