Saturday, May 24, 2014

ကော့သောင်းမြို့တွင် မုန်တိုင်း သတိပေးချက်များ မြို့နေ ပြည်သူများသို့ အသိပေးထုတ်ပြန်

ကော့သောင်း ၊ မေ ၂၂ ရက်

၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့တွင် တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့၌ ပြန်/ဆက်ဦးစီးဌာနမှ ၀န်ထမ်းများ အနေဖြင့် ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဖြစ်ပေါ်ရွေ့လျားမှု၊ မိုးလေ၀သ အခြေအနေများနှင့် ပတ်သက်၍ မုန်တိုင်းသတိပေးချက်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေး ၀န်ကြီးဌာနမှ ထုတ်ဝေဖြန့်ချီသည့် မုန်တိုင်း ဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန် အရေးပေါ် အခြေအနေ နံရံကပ်စာစောင်များ၊ မုန်တိုင်း တိုက်ခတ်ပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မြို့နေပြည်သူများ သတိထားနိုင်ကြရန် ဦးစီးဌာန မြေစိုက် နံရံကပ်ဘုတ်တွင် သတိပေးပိုစတာများ ခင်းကျင်းပြင်ဆင် သတိပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ ပညာပေးခြင်း၊ မြို့နယ်အတွင်း ပင်လယ်ကမ်းစပ် နေရာများတွင် နေထိုင်သည့် ပြည်သူများ သတိရှိစွာနေထိုင်ကြရေး လိုက်လံ နှိုးဆော် အသိပေးလျှက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment