Thursday, May 29, 2014

ဝန်ထမ်းနှင့် ၀န်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်



သထုံ      မေ     ၂၇
သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ပညာသင်ဝန်ထမ်းနှင့် ၀န်ထမ်း သားသမီးများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။




 ရှေးဦးစွာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ၀န်ထမ်းနှင့် ၀န်ထမ်းသားသမီးများ၏ ပညာရည် တိုးတက်မြင့်မားရေး၊ ပြောင်းလဲလာသော ပညာရေး ခေတ်စနစ်နှင့်အညီ အရည်အသွေး မြင့်မားအောင် ၀ိုင်းဝန်းမြှင့်တင်ကြရေးနှင့် လိမ္မာယဉ်ကျေးသော ပညာတတ် လူတော်ကလေးများ ဖြစ်လာကြစေရေးတို့ကို ဆွေးနွေး ပြောကြားသည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ရာ လက်ခံ ရယူကြပြီး ကျောင်းသူတစ်ဦးက ကျေးဇူး တင်စကား ပြန်လည် ပြောကြားသည်။ အဆိုပါ အခမ်းအနားတွင် တက္ကသိုလ် အဆင့် ၁၆ ဦး၊ အထက်တန်းအဆင့် ၆ ဦး၊ အလယ်တန်းအဆင့် ၇ ဦးနှင့် မူလတန်းအဆင့် ၉ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၃၆ ဦးတို့အား ပညာသင်ထောက်ပံ့ကြေးငွေ ၂၆၄၅၀၀ ကျပ် ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment