Thursday, May 29, 2014

၂၀၁၄-၂၀၁၅ ပညာသင်နှစ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ကော့သောင်း ၊ မေ ၂၈ ရက်
၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ၊ရ န်ကြီးအောင်းကျောင်းတိုက်၊ အမှတ်(၁) ဘုန်းတော်ကြီး သင်ပညာရေး မူလွန်ကျောင်း တွင်မေလ ၂၈ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်ကျင်းပသည်။



ရှေ့ဦးစွာ အခမ်းအနားအား နမောတသသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ကော့သောင်းမြို့ ခုနှစ်မိုင် ချောင်းဝ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဥတ္တမသာရ ဆရာတော်က သြ၀ါဒကထာ မြွတ်ကြားသည်။ ဆက်လက်၍ ကော့သောင်းမြို့နယ်ပညာရေးမှူး ဦးဌေးလွင်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ကျောင်းအပ်နှံရေးနှင့် စပ်လျဉ်း ၍ ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် ကော့သောင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ သို့ခရိုင်/မြို့နယ် နှင့် ဌာဆိုင်ရာများ၊ အများပိုင်ကုမ္ပဏီ အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်စေတနာရှင်များ  အလှူငွေများနှင့် ဆန်ကုန်သည်များ၊ ဆီကုန်သည်များ အသင်းမှ ဆန်နှင့်ဆီများ လှူဒါန်းသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ ပေးအပ်လှူဒါန်းသည့် မူလတန်းနှင့် အလယ်တန်းသုံး ပြဋ္ဌာန်းပုံနှိပ်စာအုပ် များနှင့် ကျောင်းသုံးပစ္စည်းများကို တိုင်းပညာရေး လ/ထညွှန်ကြားရေးမှူး ဦးဆန်းရင် ကကျောင်းတာဝန်ခံဆရာမသို့ လွဲပြောင်း ပေးအပ်သည်။ ယင်းနောက် တာဝန်ခံဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်လျောက်ထားပြောကြားကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းလိုက်ပြီး တာဝန်ရှိသူများက ကျောင်းအပ် လက်ခံ ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အခမ်းအနားတွင် ဌာနဆိုင်ရာများ၊ စေတနာရှင်များက ငွေကျပ်(၁၄)သိန်းကျော်လှူဒါန်းခဲ့ကြပြီး ကော့သောင်းမြို့နယ် အတွင်း၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း(၇)ကျောင်းရှိရာ ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား/သူ များ အား အခမဲ့ကျောင်းအပ်နှံမှု ဆောင်ရွက်ပေးခြင်း၊ ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်၊ ခဲတံ၊ ဗလာစာအုပ်များကို ကျောင်းသား/သူ တစ်ဦးခြင်းစီသို့ အခမဲ့ဖြနေ့်ဝပေးခြင်း အပြင် သီးခြားထောက်ပံ့ငွေ ကျောင်းသား တစ်ဦးလျှင် ကျပ်(၁၀၀၀)စီ ထောက်ပံ့ ပေးနိုင်ရန် ငွေကျပ် (ရ)သိန်း ကျော်အား ခွင့်ပြုချထားပေးပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment