Thursday, May 29, 2014

အရန်သားဖွား သင်တန်းသူများအား ထောက်ပံ့ကြေးပေးအပ်



သထုံမြို့နယ် အတွင်းရှိ ကျေးလက်ဒေသများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မိခင်နှင့်ကလေး သေဆုံးမှု လျော့နည်းရေး တို့အတွက် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်လျက် ရှိသည့်


 ကျေးလက်ဒေသ အရန်သားဖွား သင်တန်းမှ သင်တန်းသူများအား မွန်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့မှ မေလ ၂၇ ရက်နေ့ ညနေ ၆ နာရီက မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် သင်တန်းစားရိတ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းလွင်က ကျေးလက်ဒေသများ ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် မိမိတို့ဒေသအကျိုးကို ရှေးရှုကာ တက်ရောက်ရန်နှင့် သင်တန်းပြီးဆုံးသည် အထိ တက်ရောက်ရန် လိုအပ်ကြောင်းဆွေးနွေး ပြောကြားပြီး သထုံမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၁၇ အုပ်စုမှ သင်တန်းသူ ၂၅ ဦးတို့အတွက် သင်တန်းစားရိတ် ထောက်ပံ့ကြေးငွေ ၂၅၀၀၀၀ ကျပ် အား ပေးအပ်ခဲ့ သည်။ အဆိုပါ သင်တန်းကို သထုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် မေလ ၂၁ ရက်နေ့ကစတင်ကာ ဖွင့်လှစ် သင်ကြား ပေးလျက် ရှိပြီး စာတွေ့ ၃ လ၊ လက်တွေ့ ၃ လ ပေါင်း ၆ လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment