ပုလော မေ ၁ ရက်
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသားကျောင်းသူများ၏ စစ်တမ်းကောက်ယူခြင်းနှင့်
ကွင်းဆင်း ကုသရေး အဖွဲ့သည် စစ်တမ်းကောက်ယူခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့
ဆေးကုသ ပေးခြင်းကို အဖွဲ့(၄)ဖွဲ့ခွဲ၍ ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ(၂၉)ရက် နံနက်(၈း၃၀)နာရီက
ပုလောမြို့နယ် ပုလောကုန်းကျေးရွာ တွင် ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
ရှေးဦးစွာ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စစ်တမ်းကောက်ယူခြင်းနှင့် ကွင်းဆင်းကုသရေးအဖွဲ့
ခေါင်းဆောင် ဆရာဝန် ဒေါက်တာ သိန်းထွန်းဦးက စစ်တမ်းကောက်ယူခြင်းဆိုင်ရာကိစ္စရပ်များကို
ရှင်းလင်းပြောကြားပြီး အဖွဲ့ဝင်များ က သွားရောဂါဖြစ်ပွားမှု၊ ကြိုတင်ကာကွယ်မှုများအကြောင်း
အသိပညာပေးဟောပြောခဲ့ပြီး ကျေးရွာ ပြည်သူများမှ ရောဂါနှင့်ပတ်သက် သည့် သိလိုသည့်မေးမြန်းများအား
ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
No comments:
Post a Comment