ရန်ကုန် မေ ၁
မေ ၁ ရက် နံနက် ၅ နာရီ ၁၅ မိနစ်တွင် မြောင်းမြမြို့မှ မောင်းနှင် လာသော ခြောက်ဘီးကုန်ကားယာဉ်
အမှတ် ၃ခ/---အစိမ်းရောင် ယာဉ်မောင်းမြတ်ကိုကိုသည် လှိုင်သာယာ တူးချောင်း လမ်းကြေး ဆောင်ရန်
ကတ္တား ပေါ်သို့တက်ရန်ပင် ဆင်ချိန်တွင် ရှေ့မှကတ္တားချိန် ကားတစ်စီးကို ရှောင်လိုက်သည့်
အတွက် လမ်းဘေး အနိမ့်ထဲသို့ ကျသွားကြောင်း (အောက်ပုံ) အခင်း ဖြစ်ပွားရာ နေရာရှိသူတစ်ဦးက
ဆို သည်။အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာက အရေးယူထားသည်။
ရန်ကုန်-ပုသိမ် ၁၁၃ မိုင်ရှည် အဝေးပြေးကားလမ်းပေါ်တွင် ကုန်ကားများအနေဖြင့် မကြာခဏ
ယာဉ် တိုက်မှုများ ဖြစ်ပွားရာ ဧပြီလဒုတိယ ပတ်နှင့် တတိယပတ်အတွင်း ပုသိမ် အဝင်မြက်တိုရွာလမ်းဆုံရှိ
ငွေကောက်ခံရေး စခန်းများရှေ့ ငွေပေး ဆောင်ရန်ရပ်ထားသော ခြောက်ဘီး ကားတစ်စီးကို မီးမပါဘဲ
ညဘက် မောင်းနှင်လာသော ထော်လာဂျီ သုံးဘီးယာဉ်တစ်စီးက ဝင်တိုက်၍ သုံးဘီးယာဉ်မောင်း သေဆုံးခြင်း၊
ဒါးကကျေးရွာ မီးရထားသံလမ်းနှင့် ကားလမ်းဆုံအနီး ခြောက်ဘီးကုန် ကားကို မော်တော်ဆိုင်ကယ်က
ဝင် တိုက်၍ ဆိုင်ကယ်မောင်းဒဏ်ရာရရှိမှု၊ ကန်ကြီးဒေါင့်မြို့နယ် တကုန်းကြီး ကျေးရွာအနီး
ခြောက်ဘီးကုန်ကား တစ်စီးနှင့် မျက်နှာချင်းဆိုင်ယာဉ် ကြောတွင် အပြိုင်မောင်းနှင်လာသော
မော်တော်ဆိုင်ကယ်နှစ်စီးကို ရှောင် ရာမှ ယာဉ်တိုက်မှုဖြစ်ပွားပြီး မော်တော်ဆိုင်ကယ်စီးသူ
ဒဏ်ရာရရှိမှုတို့ဖြစ်ပွားခဲ့ကြောင်း၊ ကားလမ်း ပေါ်တွင် မော်တော်ဆိုင်ကယ်များ စည်းကမ်းနှင့်အညီ
မောင်းနှင်သွား လာရန်လိုသကဲ့သို့ ခြောက်ဘီးယာဉ် မောင်းများ အထူးသတိပြုမောင်းနှင် ရန်လိုအပ်လာကြောင်း၊
သို့မှသာ အဝေးပြေး ရန်ကုန်- ပုသိမ် ကားလမ်း အတွင်း ယာဉ်တိုက်မှုများ လျော့နည်း လာနိုင်မည်ဟု
၁၂ ဘီး ကုန်တင် ယာဉ်မောင်း တစ်ဦးက ဆိုသည်။

No comments:
Post a Comment