မအူပင် မေ ၁
မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့နယ်လုံးကျွတ် စုပေါင်းရှင်ပြုပွဲတော်အား
စည်ကားခမ်းနား သိုက်မြိုက်စွာ ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မေ ၁
ရက်၊ နံနက်(၉)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ် ရေး အစည်းအဝေးခမ်းမတွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲသို့ မတည်အလှူရှင် ဧရာဝတီတိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် အေ၀မ်းဆောက် လုပ်ရေး ကုမ္ပဏီများဥက္ကဌဦးရန်ဝင်းမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးကျော်သူရ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီး အကဲများ၊ အသင်းအဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များ
ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ တက်ရောက်ကြပြီး လုပ်ငန်းကော်မတီအလိုက်
ဆောင်ရွက်ရမည့် တာဝန်များကို တင်ပြဆွေးနွေးကြပြီး အလှူတော်မင်္ဂလာရှင်ပြုပွဲအား မေ ၁၀
ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရ သည်။


No comments:
Post a Comment