Tuesday, May 27, 2014

သထုံမြို့နယ် အတွင်းရှိ အခြေခံပညာသင် ကျောင်းများ၌ ကျောင်းစတင် အပ်နှံ



သထုံ    မေ    ၂၆
ဇွန်လ ပထမပတ် အတွင်း အခြေခံပညာသင်ကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ မွန်ပြည်နယ်၊ သထုံမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေလ ၂၅ ရက်နေ့မှ စတင်ကာ မိဘအုပ်ထိန်းသူများက ကျောင်းသားကျောင်းသူများအား ကျောင်းလာရောက်အပ်နှံ နေကြပြီ ဖြစ်သည်။
မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိကို ကျောင်းအပ်နှံရေး သီတင်းတစ်ပတ် ဖြစ်လို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းအပ် လက်ခံဖို့ အဓိက ဆောင်ရွက်မှာပါ။  ဒီနှစ်မှာလည်း ယခင်နှစ်ထက် ကျောင်းသားအရေအတွက် ပိုလာနိုင်ပါတယ်” ဟု မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ သထုံမြို့နယ် အတွင်းရှိ အခြေခံပညာသင်ကျောင်း ၁၈၁ ကျောင်း တွင် ယခင်နှစ်က ကျောင်းသားကျောင်းသူပေါင်း ၄၈၃၃၆ ဦး ပညာသင်ကြားခဲ့ပြီး ပြောင်းလဲတိုးတက် နေသော ပညာရေး စနစ်ကြောင့် နှစ်စဉ် ပညာသင်ကြားသူဦးရေ တိုးတက်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ကျောင်းလာရောက်အပ်နှံပေးသည့် မိဘတစ်ဦးက “မူလတန်းက အလယ်တန်းအထိ အခမဲ့ပညာသင်ကြားရေး စနစ်ဖြစ်လို့ တစ်ပြားတစ်ချပ်မှ မကုန်ဘူး၊ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေကို တပါတည်း ထုတ်ပေးပါတယ်။ အခုလို တာဝန်ရှိသူတွေက ပညာရေး ကဏ္ဍကို ကြိုးပမ်းမြှင့်တင် ပေးနေတာတွေ့ရတော့ ကျောင်းသားမိဘအနေနဲ့ အရမ်း ၀မ်းမြောက်ပါ တယ်” ဟု ပြောကြားသည်။

No comments:

Post a Comment