Thursday, May 29, 2014

ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများဆောင်ရွက်

သထုံ    မေ    ၂၇
သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများသည် မေလ ၂၇ ရက် နေ့က သထုံမြို့ နယ်၊ ထောင်မှူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးလက်ပြည်သူများ အသိပညာ ဗဟုသုတ ပိုမိုမြင့်မားပြီး ကျေးရွာ ဖွံ့ဖြိုးတိုးတက်နိုင်စေရန် အတွက် နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်း၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံများ ခင်းကျင်းပြသ ပေးခြင်းနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာများတို့ ဟောပြောခြင်း စသည့်ပြည်သူ့ဝန်ဆောင်မှု အသိပညာပေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။




မြို့နယ်ဦးစီးမှူး ဒေါ်သူဇာအောင်က ကျေးလက်ပြည်သူများ အသိပညာဗဟုသုတ ပိုမိုမြင့်မား စေရန် စာဖတ်ရှိန် မြှင့်တင်ရေး ကိစ္စရပ်များ၊ ကျေးလက် စာကြည့်တိုက်များ ရှင်သန်ရေးအတွက် ပူးပေါင်းပါဝင်ကြစေရေးနှင့် အမျိုးသားရေး အန္တရာယ်ဖြစ်သည့် လူကုန်ကူးမှုကို လက်တွဲတိုက်ဖျက် ရေးတို့ကို ရှင်းလင်းဟောပြောရာ ဒေသခံများက စိတ်ပါဝင်စားစွာဖြင့် တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူ့ဝန်ဆောင်မှု အနေဖြင့် နယ်လှည့်စာကြည့် တိုက်ဖွင့်လှစ်ပေးခြင်း၊ ဓါတ်ပုံနှင့် နံရံကပ်စာစောင် ခင်းကျင်းပြသခြင်းနှင့် ပညာပေးဗွီဒီခွေများ ပြသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဘ၀အားမာန် စာကြည့်တိုက်သို့ သုတ/ရသ စာအုပ်စာစောင်များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment