Thursday, May 29, 2014

နှစ်နိုင်ငံ အစိုးရချင်း သာမက တပ်မတော် နှစ်ရပ် အကြား ပိုမို ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး



နေပြည်တော် မေ ၂၈
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့၏ စစ်ဦးစီးချုပ် General Shigeru IWASAKI ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။




တွေ့ဆုံစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု အတွက်သာမက ပူးပေါင်းဆောင်ရွက်မှု အတွက် ဂျပန်နိုင်ငံက နည်း ပညာများ၊ ထောက်ပံ့ငွေနှင့် ချေးငွေများ ကူညီပံ့ပိုး ပေးနေမှုများ၊ နှစ်နိုင်ငံအစိုးရ အချင်းချင်းသာမက တပ်မတော် နှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ ဗိုလ်တိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်မင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဂျပန် စစ်ဦးစီးချုပ် ဦးဆောင်သောအဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E Mr. Tateshi HIGUCHI လည်း တက်ရောက်သည်။

No comments:

Post a Comment