Monday, May 26, 2014

မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) အတွက် ကစားသမားများရွေးချယ်

မန္တလေး မေ ၂၅
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) Goal Project အစီအစဉ်ဖြင့် အကောင်အထည်ဖော်ထားသော မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး) သင်ကြားခွင့်ရရှိခဲ့ သည့် အားကစားသမား ၄၄ ဦးကို ရွေးချယ်လိုက်ပြီဖြစ် သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခု ရွေးချယ်ထားသော ကစားသမား ၄၄ ဦးကို မေ ၂၇ ရက် အရောက် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)သို့ လာရောက်ရန် အကြောင်းကြားထားပြီး အသက်မှန်ကန်မှုမရှိသည့် ကစားသမားများကို ပြန်လည်စေလွှတ်သွားမည်ဖြစ်သည်။

အဆိုပါကစားသမားများကို ဧပြီနောက်ဆုံးပတ်က မြို့ကြီး ခုနစ်မြို့တွင် ပထမအဆင့် လူရွေးပွဲပြုလုပ်ခဲ့ပြီး လာရောက် ရွေးချယ်ခံသော ကစားသမား ၆၀၀ကျော်အနက် ၉၂ ဦး ကို ရွေးချယ်ခဲ့သည်။ မေ ၁၈ ရက်တွင် သုဝဏ္ဏလေ့ကျင့်ရေး ကွင်း၌ နောက်ဆုံးအဆင့် လူရွေးပွဲကိုပြုလုပ်ခဲ့ပြီး နည်း စနစ်ဒါရိုက်တာ ဦးဝင်းသူမိုးနှင့် နည်းပြများက ရွေးချယ်ပေးခဲ့သည်။
မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)အတွက် ရွေးချယ်ခံထားရသော ကစားသမားများမှာ ရဲကျော်ကျော် ထက်(ရန်ကုန်) ရွှေကို(ရန်ကုန်) ဟိန်းနိုင်ဇေ(ရန်ကုန်) ဉာဏ်လင်းထက်(မန္တလေး) နောင်နောင်စိုး(မြစ်ငယ်) ထက်ရှိုင်း(မန္တလေး)  မြန်မာ့လက်ရွေးစင်ဟောင်းအသင်းတွင် အုပ်ချုပ်သူအဖြစ် ဦးမျိုးဝင်းညွန့်၊ ကစားသမားများ အဖြစ် ကြည်လွင်၊ မျိုးလှိုင်ဝင်း၊ မောင်မောင်ဌေး၊ စိုင်းမောင်မောင်ဦး၊ အောင်ကျော်မိုး၊ ယဉ်မင်းအောင်၊ တင်နိုင်ထွန်းသိန်း၊ ဇော်နိုင်၊ ထွန်းထွန်းဝင်း၊ မျိုးမင်းထွန်း၊ ကိုကိုအောင်၊ သန်းဝဏ္ဏအောင်နှင့် ကျော်ဇင်ညွန့်တို့ ပါဝင်ကြသည်။

No comments:

Post a Comment