Monday, May 26, 2014

မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (၄/၂၀၁၄) စည်းဝေး

နေပြည်တော်  မေ  ၂၅

မြန်မာနိုင်ငံအာဆီယံ လူမှုရေး- ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ(၄/၂၀၁၄) အစည်းအဝေးကို မေ ၂၃ ရက် မွန်းလွဲ ၁ နာရီက ယဉ်ကျေးမှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦအေးမြင့်ကြူက ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ် ကျေးမှုအသိုက်အဝန်း ကောင်စီ အဆင့်မြင့်အရာရှိကြီးများ အဆင့် အစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် အာဆီယံလူမှုရေး- ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးအဆင့် အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များ၊ စက်တင်ဘာလမှာ ကျင်းပမည့် (၁၂) ကြိမ်မြောက် ASCC  အစည်းအဝေးနှင့် ကျင်းပခဲ့သော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် ASCC Pillar 
အနေနှင့် ပတ်သက်သော Chairman Statement ပါ အကြောင်းအရာများ နှင့် ပတ်သက်ပြီး အသိပေးလိုပါ ကြောင်း၊ အဓိကဆုံးဖြတ်ချက်များ အနေဖြင့် Mid Term Review ပါ ကျန်ရှိသောလုပ်ငန်းများကို Core Group  ဖွဲ့စည်း၍ ဆောင်ရွက်ရန်၊ ၂၀၁၅ အလွန်ကာလ အာဆီယံ မျှော် မှန်းချက် အကောင်အထည်ဖော်ရေး အတွက် ACCWG အောက်တွင် Sub-Working Group များကို သက်ဆိုင်ရာ Pillar အလိုက် ဖွဲ့စည်း ပြီး ASCC Work Group မှ ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေစဉ် ASEAN Awareness မြှင့်တင်ရန်၊ အာဆီယံနိုင်ငံများနှင့် ယဉ်ကျေးမှု၊ အနုပညာရပ်ဆိုင်ရာ အပြန်အလှန် နားလည်သဘောပေါက်ရန်နှင့် မြှင့် တင်ရန်အတွက် ASEAN Cultural Fair 2014  ၂၀၁၄ ကို အဆိုပြုခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံ အား အသိုက်အဝန်းတစ်ရပ်အနေ ဖြင့်  လေ့လာနိုင် ရန်နှင့် သတင်း အချက်အလက်များ စုဆောင်းရန် အတွက် ASEAN Virtual Learning Centre   ထူထောင်ရေး၌အထောက်အကူ တစ်ခုဖြစ်သည့် အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီအနေဖြင့် ၂၀၁၅ အလွန် အာဆီယံ အသိုက်အဝန်းဆိုင်ရာ ကြေညာစာတမ်းတို့ကို ထပ်လောင်းအတည် ပြု၍လည်းကောင်း၊ အာဆီယံအသိုက် အဝန်းဆိုင်ရာ လမ်းပြမြေပုံကို(၂၀၀၉-၂၀၁၅) အကောင်အထည် ဖော်ရေးနှင့် အာဆီယံအသိုက်အဝန်း ၏ အောင်မြင်မှုနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးရေး ကွာခြားမှုကို လျှော့ချခြင်းနှင့် လူမှုရေးအရ တာဝန်သိသော အာဆီယံအသိုက်အဝန်းကို အကောင်အထည်ဖော်ရန် စသည်ဖြင့် အသိအမှတ်ပြုကာ လူ့အဖွဲ့အစည်း တိုးမြှင့်ဖြစ်ပေါ်စေရန်နှင့် အာဆီယံဒေသတွင်း ပြည်သူများ၏ လူမှုဘ၀တိုးတက်စေရေး အတွက် ပြည်သူ့ဗဟိုပြု အာဆီယံဖြစ်ပေါ်ရေးနှင့် အာဆီယံအသိုက် အဝန်း တည်ထောင်ရေးလုပ်ငန်းစဉ် များတွင် ပြည်သူများမှ ပါဝင်နိုင်မှုနှင့် အကျိုးရရှိခံစားနိုင်မည့် ပတ်ဝန်း ကျင်ဖန်တီးဖော်ဆောင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ အာဆီ ယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် တာဝန်ရှိသူများက ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြ ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment